“Financial media customized ဝန်ဆောင်မှု ပလက်ဖောင်း” အွန်လိုင်းတင်၊ နိုင်ငံတကာ မီဒီယာများ ပူးပေါင်းဆောင်ရွက်မှု၊ မျှဝေမှုနှင့် ချိတ်ဆက်မှုကို အထောက်အကူ ပြု

CRI, March 1, 2022
Size:

China Media Group က နိုင်ငံတကာမှ ပူးပေါင်းဆောင်ရွက်ရေး မီဒီယာများနှင့် ပူးတွဲပြုလုပ်သော “Financial media customized ဝန်ဆောင်မှု ပလက်ဖောင်း”သည် ဖေဖေါ်ဝါရီလ ၂၈ ရက်နေ့က တရားဝင် အွန်လိုင်းတင်ခဲ့ပါသည်။

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ ပြန်ကြားရေး ဝန်ကြီးဌာန ဒုဝန်ကြီး၊ China Media Group ဥက္ကဋ္ဌနှင့် အယ်ဒီတာချုပ် ရှင့်ဟိုင်ရှုံသည် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ပြီး “Financial media customized ဝန်ဆောင်မှု ပလက်ဖောင်း” တရားဝင် အွန်လိုင်းတင်ကြောင်း ကြေညာခဲ့ပါသည်။

ရှင့်ဟိုင်ရှုံက China Media Group သည် ယင်းပလက်ဖောင်းကို တည်ထောင်ခြင်းဖြင့် နိုင်ငံတကာ မီဒီယာများ ပူးပေါင်းဆောင်ရွက်ရေး လမ်းကြောင်းသစ်များကို တိုးချဲ့ရန်၊ သတင်းစစ်မှန်မှုကို စွဲစွဲမြဲမြဲ ထိန်းသိမ်းကာကွယ်ရန်၊ စိန်ခေါ်မှုများကို ပူးပေါင်းဆောင်ရွက်ပြီး အတူရင်ဆိုင်ဖြေရှင်းရန်၊ အကျိုးတူ ဖွံ့ဖြိုးတိုးတက်မှု ဖော်ဆောင်ရန်၊ လူသားတစ်ရပ်လုံး၏ ဘုံတန်ဖိုးအမြင်ကို ထွန်းကားစေရန်၊ လူ့ဘောင်အဖွဲ့အစည်း တိုးတက်မှုအတွက် ထွန်းလင်းမှု ပေးကမ်းရန်၊ အနာဂတ်သို့ အတူ ဦးတည်ကြရန် မျှော်လင့်ကြောင်း ပြောကြားခဲ့ပါသည်။