ဆောင်းရာသီအိုလံပစ်မှာ ဆောင်းဆိုတာမရှိ အပူပိုင်းဇုန်နိုင်ငံများပါဝင်လာခြင်းသည် “ပိုမိုစည်းလုံးညီညွတ်မှု”အား ပေါ်လွင်စေခဲ့

, February 18, 2022
Size:

ဆောင်းရာသီအိုလံပစ်ပွဲတော်သည်ဆောင်းရာသီတွင် ကျင်းပသည့်အားကစားပွဲတော်ကြီး ဖြစ်ပြီး၊ ကမ္ဘာ့အားကစားလောက၏လေးနှစ်တစ်ကြိမ်ကျင်းပသောပွဲတော်ကြီး ဖြစ်ကာ၊ နိုင်ငံနှင့်ဒေသအားလုံးမှပါဝင်သင့်သောပြိုင်ပွဲဖြစ်ပါသည်။ သို့သော်၊ ရေခဲနှင်းအားကစားပစ္စည်းများဈေးနှုန်းမြင့်မားခြင်း၊ လေ့ကျင့်ရေးလိုအပ်ချက်ကြမ်းတမ်းခြင်းစသည့်ဓမ္မဓိဌာန်ကျအကြောင်းအရင်းများ၏ကန့်သတ်မှုများကြောင့်၊ နိုင်ငံပေါင်းများစွာသည်ပြိုင်ပွဲပါဝင်ရန်မဖြစ်နိုင်ကြပါ။

သို့သော်၊ ယခုနှစ်ပိုင်းများတွင်၊ သိပ္ပံနည်းပညာအရည်အချင်းမြင့်မားလာခြင်းနှင့်ပြည်သူများ၏ စီးပွားရေးများစွာဖွံ့ဖြိုးတိုးတက်ခြင်းတို့နှင့်အတူ၊ အချို့သောနှင်းရေခဲတွေ့ရန်မဖြစ်နိုင်သော၊ ဆောင်းရာသီအားကစားများပြုလုပ်ရန်အခြေအနေမပေးသောနိုင်ငံနှင့်ဒေသများသည်၊ တဖြည်းဖြည်းချင်း ဤအားကစားအမျိုးအစားအားထိတွေ့လာကြပြီး၊ လက်ရွေးစင်အားကစားသမားများစေလွှတ်ကာ ဆောင်းရာသီအိုလံပစ်ပွဲတော်တွင်ပါဝင်ယှဉ်ပြိုင်စေခဲ့ပါသည်။ အချို့နိုင်ငံများသည်ရုံတွင်း၌နှင်းအတု ဖြင့်လေ့ကျင့်မှုများပြုလုပ်ကြပါသည်။ စီးပွားရေးအင်အားတောင့်တင်းသောနိုင်ငံများသည်၊ ထူးချွန်သောအားကစားသမားများရွေးချယ်ကာ၊ ရေခဲနှင်းအင်အားကြီးနိုင်ငံများတွင်ကာလရှည်အခြေစိုက် လေ့ကျင့်စေမှုများပြုလုပ်ခဲ့ကြပါသည်။ ဥပမာ-အရှေ့တောင်အာရှမှထိုင်းနိုင်ငံနှင့်မလေးရှားနိုင်ငံ စသည်တို့မှ၊ ၎င်းတို့၏လက်ရွေးစင်အားကစားသမားများသည် ဥရောပနှင့်အမေရိကတို့တွင်နှစ်ရှည် လများလေ့ကျင့်မှုပြုလုပ်ကြပါသည်။ ၎င်းတို့ထဲမှာအချို့သည်၊အခြားသောဆောင်းရာသီအားကစား လူသိများသည့်နိုင်ငံနှင့်ဒေသများတွင်မွေးဖွား၊ ကြီးပြင်းသူများဖြစ်ပြီး၊ နောက်ဆုံးတွင်၊ ဤအပူပိုင်းဇုန် နိုင်ငံများအားကိုယ်စားပြုကာဆောင်းရာသီအိုလံပစ်ပြိုင်ပွဲများအား ယှဉ်ပြိုင်ရန်ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်သည်။

၁၉၉၃ ခုနှစ်၊ ဒစ်စနီကုမ္ပဏီမှထုတ်လုပ်သော(ရေခဲပေါ်မှာပြေးလွှားခြင်း)(Cool Runnings)ဆို သည့်ရုပ်ရှင်သည်၊ ၂၀ ရာစု၊ ၈၀ ခုနှစ်ပိုင်းတွင်၊ ဂျာမေကာလူငယ် (၄) ဦးသည်၊ ၎င်းတို့နိုင်ငံသမိုင်းတွင် ပထမဆုံးသော Bobsleigh အသင်းအားတည်ထောင်ခဲ့ပြီး၊ ၁၉၈၈ ခုနှစ်တွင်၊ Calgary ဆောင်းရာသီအိုလံပစ် Bobsleigh ပြိုင်ပွဲအားဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်းအားရိုက်ကူး ထားခြင်းဖြစ်ပါသည်။ ပြိုင်ပွဲတွင်၊ ၎င်းတို့သည် (၃) ကြိမ်လှည်းမှောက်သည့်အခြေအနေအားရင်ဆိုင်ခဲ့သော်လည်း၊ Bobsleighအား ပန်းတိုင်ထိတွန်းကာအရောက်သွားခဲ့ပြီး၊ နောက်ဆုံးတွင် အားကစားစိတ်ဓာတ်ဖြင့် အားလုံး၏လေးစားမှုနှင့်လက်ခုပ်သံတို့အားရရှိခဲ့သည့်ပုံပြင်လေးဖြစ်ပါသည်။ ရုပ်ရှင်သည် ဖြစ်ရပ်မှန်ကို အခြေခံကာ ပြင်ဆင်ရေးသားထားခြင်းဖြစ်ပါသည်။ ၎င်းတို့၏စိတ်ဓာတ်သည် နှစ်ပေါင်းများစွာကြာသည့်တိုင်အောင်၊ များပြားလှစွာသောအပူပိုင်းနိုင်ငံများမှနောင်လာနောင်သား များအားအားပေးလျက်ရှိနေပါသည်။

ထို့နောက်တွင်၊ အပူပိုင်းနိုင်ငံနှင့်ဒေသများမှလက်ရွေးစင်အားကစားသမားများဆက်တိုက်ဆိုသလို ဆောင်းရာသီအိုလံပစ်တွင်ပါဝင်လာခဲ့ပါသည်။ ယခုအကြိမ်ဘေကျင်းဆောင်းရာသီအိုလံပစ်ပွဲတော်တွင်တိုက်ကြီး (၄) တိုက်မှအပူပိုင်းနိုင်ငံနှင့်ဒေသများမှစေလွှတ်သည့်ကိုယ်စားလှယ်အဖွဲ့များ လာရောက်ယှဉ်ပြိုင်ကြပါသည်။ ထိုအထဲတွင်၊ အာဖရိကတိုက်မှနိုင်ဂျီးရီးယား၊ အီရီထရီးယား(Eritrea)၊မော်ရိုကို၊ ဂါနာနှင့်မာဒါဂတ်စကာ၊ အာရှတိုက်မှ၊မလေးရှား၊ အရှေ့တီမော၊ ထိုင်း၊ အင်ဒိုနီးရှား၊ ဆော်ဒီအရေဗျ၊ လက်တင်အမေရိကမှဂျာမေကာ၊ ထရီနီဒက်နှင့်တိုဘာဂို၊ ပွာတိုရီဂို (Puerto Rico)၊ ပီရူး၊ ဘိုလီးဗီးဘား၊ ကိုလံဘီယာ၊ ဘရာဇီး၊ ဟေတီနှင့်သမုဒ္ဒရာပိုင်းမှအမေရိကန်နိုင်ငံလက်အောက်ခံဆာမိုအာတို့ပါဝင်ပါသည်။ ၎င်းတို့ထဲတွင်၊ ဆော်ဒီအရေဗျနှင့်ဟေတီတို့သည် ပထမဆုံးအကြိမ်ဆောင်းရာသီအိုလံပစ်ပွဲတော်အား ပါဝင်ဆင်နွှဲခြင်းဖြစ်ပြီး၊ ဆော်ဒီ အာရေဗျသည် ပထမဆုံးသောဆောင်းရာသီအိုလံပစ်ကို ပါဝင်ဆင်နွှဲသည့် ပင်လယ်ကွေ့အာရပ်နိုင်ငံဖြစ်သည်။

အပူပိုင်းဇုန်နိုင်ငံနှင့်ဒေသများမှလက်ရွေးစင်အားကစားသမားများသည် ဆောင်းရာသီအိုလံပစ်ပွဲတော်တွင် အကောင်းဆုံးဖြစ်စေရန်မဆောင်ရွက်နိုင်သော်လည်း၊ ၎င်းတို့ပါဝင်ယှဉ်ပြိုင်ခြင်းသည် လူသားတို့၏မဖြစ်နိုင်သည်များအားစိမ်ခေါ်ရဲသည့်စိတ်ဓာတ်တစ်မျိုးအား ပေါ်လွင်စေပါသည်။ (အိုလံပစ်ပဋိညာဉ်)တွင်၊ “လူသားတိုင်းတွင် အားကစားလှုပ်ရှားမှုအားပါဝင်ဆင်နွှဲခွင့်ရှိသည့်ဖြစ်နိုင်ချေအားပိုင်ဆိုင်ထားသင့်ပြီး၊ မည်သို့သောအဆင့်အတန်းခွဲခြားမှုမျိုးကိုမှလက်မခံဘဲ၊ အပြန်အလှန် နားလည်ခြင်း၊ ချစ်ကြည်ခြင်း၊ စည်းလုံးခြင်းနှင့်တရားမျှတစွာယှဉ်ပြိုင်ခြင်း ဖြစ်သည့်အိုလံပစ်စိတ်ဓာတ်အား ပေါ်လွင်စေရမည်” ဟု ဆိုထားပါသည်။

နိုင်ငံတကာအိုလံပစ်ကော်မတီနှင့်များပြားလှသောဆောင်းရာသီအားကစားနည်းတစ်ခု ချင်းကော်မတီများ၏ကြိုးစားမှုအောက်တွင်၊ အပူပိုင်းဇုန်နိုင်ငံနှင့်ဒေသအပါအဝင်ပိုမိုများပြားသော အဖွဲ့ဝင်များဆောင်းရာသီအိုလံပစ်မိသားစုကြီးထဲသို့ ဝင်ရောက်လာနေကြပြီး၊ပိုမိုများပြားသောသမဇုန် (သို့) အပူပိုင်းဇုန်နိုင်ငံများမှအားကစားသမားများသည် မြေအနေအထားကန့်သတ်ချက်အား ကြိုးစားထိုးဖောက်နေကြကာ၊ မိမိတို့၏ဆောင်းရာသီအိုလံပစ်အိပ်မက်အားအကောင်အထည်ဖော်နေကြပါသည်။ ဤသည်မှာ ဆောင်းရာသီအိုလံပစ်အား ပိုမိုကျယ်ပြန့်သောကိုယ်စားပြုမှုနှင့်သတိပြုမှုများဖြစ် လာစေပါသည်။ ဘေကျင်းဆောင်းရာသီအိုလံပစ်ပွဲတော်သည်လည်း ကျင်းပခွင့်လျှောက်တင်ချိန်တွင် ကတိခံထားသည့်အတိုင်း၊ ပြည်တွင်း၌လူပေါင်းသန်း (၃၀၀) ရေခဲနှင်းပေါ်သို့ရောက်ရှိစေခြင်းအား အကောင်အထည်ဖော်နိုင်ခဲ့သည်သာမက၊ ပိုမိုများပြားသည့်ရေခဲနှင်းတို့နှင့်ရေစက်မဆုံခဲ့သည့်နိုင်ငံနှင့် အားကစားသမားများအတွက် အိပ်မက်များအကောင်အထည်ပေါ်လာစေမည့်အခွင့်အရေးများ ဖန်တီးပေးလျက်ရှိကာ၊ တရားမျှတသည့်အိုလံပစ်စိတ်ဓာတ်အားကမ္ဘာမြေပေါ်ရှိနေရာအသီးသီးသို့ ရောက်ရှိစေပြီး၊ လက်တွေ့ကမ္ဘာကြီး၏မှောင်မိုက်မှုနှင့်အေးစက်မှုများအားနှင်ထုတ်လျက်ရှိပါသည်။