ပီကင်းမှ သံမဏိစက်ရုံဟောင်း၏ မီးခိုးခေါင်းတိုင်ကို ပြန်လည်အသုံးပြုပြီး ပီကင်း ဆောင်းရာသီအိုလံပစ်အားကစားပြိုင်ပွဲ freestyle skiing big air အားကစားကွင်း ဖြစ်လာခြင်းကို အမေရိကန်မီဒီယာ ချီးကျူး

CRI, February 10, 2022
Size:

အမေရိကန် Chicago Tribune မှ ဖေဖော်ဝါရီလ ၇ ရက်နေ့က ဆောင်းပါးတစ်ပုဒ်ကိုထုတ်ပြန်ပြီး ပီကင်းမြို့တွင် ကုန်ထုတ်လုပ်မှုရပ်စဲပြီဖြစ်သော သံမဏိ စက်ရုံဟောင်း၏ မီးခိုးခေါင်းတိုင်ကြီးသည် မီးခိုးကိုမထုတ်လွှတ့်တော့ဘဲ ပီကင်း ဆောင်းရာသီ အိုလံပစ်အားကစားပြိုင်ပွဲ freestyle skiing big air အားကစားကွင်း ဖြစ်လာကြောင်း၊ ဖေဖော်ဝါရီလ ၇ ရက်နေ့က အဆိုပါကမ္ဘာပေါ်တွင် ပထမဦးဆုံး  ထာဝရသုံးစွဲမည့် မြို့ပြ freestyle skiing big air အားကစားကွင်းတွင် ပီကင်း ဆောင်းရာသီအိုလံပစ်အားကစားပြိုင်ပွဲ၏ freestyle skiing big air ပြိုင်ပွဲကို စတင်ကျင်းပခဲ့ကာ ယင်း ပြုပြင်မွမ်းမံ ခံခဲ့ရသော သံမဏိစက်ရုံဟောင်းသည် ယခုအကြိမ် ပြိုင်ပွဲ၏ အံ့ဖွယ်ရာ နောက်ခံရှုခင်းဖြစ်လာကြောင်း ရေးသားထုတ်ပြန်ခဲ့သည်ဟု China Media Group မှ သတင်းအရ သိရပါသည်။