ပီကင်းဆောင်းရာသီ အိုလံပစ်အားကစားပြိုင်ပွဲ၏ ကူးစက်ရောဂါ ကာကွယ်ရေး ဆောင်ရွက်ချက်များသည် စံနမူနာကောင်းဖြစ်သည်ဟု ထိုင်းခရီးသွားနှင့် အားကစားဝန်ကြီး ပီဘတ်ဆို

CRI, February 9, 2022
Size:

ထိုင်းခရီးသွားနှင့် အားကစားဝန်ကြီးဌာနဝန်ကြီး ပီဘတ်က မကြာမီက ပီကင်း ဆောင်းရာသီအိုလံပစ် အားကစားပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို တက်ရောက်ပြီး အားကစားလက်ရွေးစင်တို့၏ လေ့ကျင့်ရေးနေရာများသို့ လှည့်လည်ကြည့်ရှုခဲ့ကြောင်း၊ ဝန်ကြီး ပီဘတ်က ယခုအကြိမ် ဆောင်းရာသီအိုလံပစ်အားကစားပြိုင်ပွဲ၏ ကိုဗစ်-၁၉ ကူးစက်ရောဂါကို ထိန်းချုပ်ကာကွယ်ရန် ဆောင်ရွက်ချက်များသည် အလွန်ပြည့်စုံကောင်းမွန်၍ နိုင်ငံတကာအားကစားပြိုင်ပွဲများကို ကျင်းပတော့မည့်အခြားနိုင်ငံများအတွက် စံနမူနာကောင်း ဖြစ်ကြောင်း၊ ထိုင်းခရီးသွားနှင့် အားကစားဝန်ကြီးဌာနသည် လူငယ်များအား ဆောင်းရာသီအားကစားများ လေ့ကျင့်ရေးကို ပါဝင်ရန် အစွမ်းကုန် အားပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု China Media Group မှ သတင်းအရ သိရပါသည်။