မြန်မာနိုင်ငံတွင် အရေးပေါ်အခြေအနေ ၆ လ တိုးရန် ကြေညာ

CRI, February 1, 2022
Size:

ဒေသစံတော်ချိန် ဇန်နဝါရီလ ၃၁ ရက်နေ့တွင် မြန်မာနိုင်ငံ အိမ်စောင့်အစိုးရ ယာယီသမ္မတ ဦးမြင့်ဆွေက မြန်မာနိုင်ငံတွင် အရေးပေါ်အခြေအနေကို နောက်ထပ် ၆ လ  တိုးမည် ဖြစ်ကြောင်း  ကြေညာခဲ့ပါသည်။

ထိုနေ့နံနက်ပိုင်းတွင် မြန်မာနိုင်ငံ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီသည် နေပြည်တော်တွင် အစည်းအဝေးကို ကျင်းပခဲ့ပါသည်။ ယင်းအစည်းအဝေးတွင် မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် အရေးပေါ် အခြေအနေ ၆ လ တိုးရန် အတည်ပြုခဲ့ခြင်း ဖြစ်သည်ဟု သတင်းရရှိပါသည်။