လန်ချမ်း-မဲခေါင် မြစ်ဝှမ်းဒေသ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ၂၀၂၁ ခုနှစ် ထိပ်တန်းသတင်း(၁၀)ခု ထုတ်ပြန်ခြင်း အခမ်းအနားကျင်းပ

CRI, January 29, 2022
Size:

လန်ချမ်း-မဲခေါင် မြစ်ဝှမ်းဒေသ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ၂၀၂၁ ခုနှစ် ထိပ်တန်းသတင်း(၁၀)ခု ထုတ်ပြန်ခြင်း အခမ်းအနားကို ဇန်နဝါရီလ ၂၇ ရက်နေ့တွင် တရုတ်နိုင်ငံ ကူမင်းမြို့၌ ကျင်းပခဲ့ကြောင်း သတင်းအရ သိရပါသည်။ တရုတ်နိုင်ငံနေရာအသီးသီးမှ နာမည်ကျော် ကျွမ်းကျင်ပညာရှင်များသည် ၂၀၂၁ ခုနှစ်တွင် လန်ချမ်း-မဲခေါင် မြစ်ဝှမ်းဒေသ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ထိပ်တန်းသတင်း (၁၀) ခုအား သုံးသပ်ခဲ့ကြသကဲ့သို့ ၂၀၂၂ ခုနှစ် လန်ချမ်း-မဲခေါင် မြစ်ဝှမ်းဒေသ ပူးပေါင်းဆောင်ရွက်မှုအလားအလာကိုလည်း နက်ရှိုင်းစွာ ဆွေးနွေးခဲ့ကြသည်။