“၂၀၂၁ ခုနှစ် လန်ချန်း-မဲခေါင်နှင့် မဲခေါင်ဒေသခွဲတွင် တရုတ်ပါဝင်ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သတင်း ၁၀ ခု”ကို တရားဝင်ထုတ်ပြန်

CRI, January 28, 2022
Size:

ဇန်နဝါရီ ၂၇ ရက်တွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး တရုတ်နိုင်ငံ အတွင်းရေးမှူးရုံး၊ တရုတ်နိုင်ငံခြားဘာသာ စာပေ ထုတ်ဝေရေးဌာန “China ASEAN Report” မဂ္ဂဇင်း၊ ယူနန်နေ့စဉ်သတင်းစာအုပ်စု၏ "မဲခေါင်မြစ်" မဂ္ဂဇင်းတို့ ပူးပေါင်းရွေးချယ်ထားသော “၂၀၂၁ ခုနှစ် လန်ချန်း-မဲခေါင်နှင့် မဲခေါင်ဒေသခွဲတွင် တရုတ်ပါဝင်ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သတင်း ၁၀ ခု” ကို ယူနန်ပြည်နယ် ကူမင်းမြို့၌ တရားဝင်ထုတ်ပြန်ခဲ့သည်။