လာအို-တရုတ် ကပ်ရောဂါပူးတွဲထိန်းချုပ်ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှုကို အစိုးရက အထူးအလေးထားကြောင်း လာအိုနိုင်ငံဝန်ကြီးချုပ် ပြောကြား

Yunnan Gateway, January 27, 2022
Size:

တရုတ်နိုင်ငံအစိုးရက လာအိုနိုင်ငံအား ကူညီပံ့ပိုးပေးသော ကိုဗစ်ကာကွယ်ဆေး အသစ်တစ်သုတ် ဇန်နဝါရီ ၂၅ ရက်က ဗီယင်ကျန်းလေဆိပ်ကို ရောက်ရှိခဲ့သည်။ လာအိုဝန်ကြီးချုပ် Phankham Viphavanh က ကာကွယ်ဆေးလွှဲပြောင်းလက်ခံပွဲအခမ်းအနားတွင် အစိုးရက လာအို-တရုတ် နှစ်ဖက် ကပ်ရောဂါ ပူးတွဲကာကွယ်ထိန်းချုပ်ရေး ပူးပေါင်းဆောင်ရွက်မှုကို အထူးအလေးထားရာ နယ်စပ်ဖြတ်ကျော် ကပ်ရောဂါပြန့်ပွားမှုများ မဖြစ်ရအောင် ကာကွယ်တားဆီးမှုများကို တက်တက်ကြွကြွလုပ်ဆောင်လျက်ရှိကြောင်း ပြောကြားခဲ့သည်။

Phankham Viphavanh က ကာကွယ်ဆေး ကူညီပံ့ပိုးပေးခြင်းသည် တရုတ်နိုင်ငံ၏ပါတီ၊ အစိုးရနှင့်ပြည်သူများက လာအိုပြည်သူများအပေါ် ထားရှိသည့် ချစ်ကြည်ရေးနှင့်အဖိုးတန်သည့်အားပေးမှုများ ဖြစ်ကြောင်း ဆိုသည်။ တရုတ်နိုင်ငံအကူအညီဖြင့်ပင် ၂၀၂၁ ခုနှစ်ကာကွယ်ဆေး ထိုးနှံမှုလုပ်ငန်းတာဝန်များကို အတိုင်းထက်ကျော်လွန်ပြီးစီးခဲ့ခြင်းဖြစ်ရာ ၂၀၂၂ ခုနှစ် ကာကွယ်ဆေးထိုးနှံရေးရည်မှန်းချက်ကို ဖော်ဆောင်ရာအတွက်လည်း ယုံကြည်ချက်ရှိကြောင်း၊ လာအိုနိုင်ငံ၏ပါတီ၊ အစိုးရနှင့်ပြည်သူများကိုယ်စား ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။

လာအိုနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး ကျန်းကျိုက်တုန်းက လာအိုနိုင်ငံ၏ ကပ်ရောက်တိုက်ဖျက်ရေးလုပ်ငန်းသည် အပြုသဘောတိုးတက်မှုများရရှိခဲ့ပြီး ပြည်သူ့ကျန်းမာရေးနှင့်လူမှုစီးပွားဘဝများအတွက် ထိရောက်သည့် အာမခံမှုရှိစေခဲ့ရာ ကပ်ရောဂါတိုက်ဖျက်ရေးတွင် တရုတ်နိုင်ငံက ဆက်လက်၍ တက်ကြွစွာ အားပေးကူညီမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း ဆိုသည်။ နယ်စပ်ကွာရန်တင်းစင်တာ အတူတည်ဆောက်ကာ ကပ်ရောဂါကာကွယ်ထိန်းချုပ်ရေးပူးတွဲလုပ်ဆောင်ရွက်မှုများကို အားဖြည့်ခဲ့ခြင်းအား တရုတ်နိုင်ငံက ကျေးဇူးတင်ရှိပါကြောင်းနှင့် လာအိုနိုင်ငံရှိ တရုတ်လူမျိုးများ ကာကွယ်ဆေးထိုးနှံရေးအတွက် သီးသန့်စီစဉ်ပေးမှုက အပြန်အလှန်ဖေးမကူညီခြင်း၊ လက်ရှိအခက်အခဲကို အတူကျော်လွှားခြင်း၏ တရုတ်-လာအို အေးအတူ၊ ပူအမျှ အသိုက်အဝန်းစိတ်ဓာတ်ကို ထင်ဟပ်စေကြောင်း ပြောကြားခဲ့သည်။ (Xinhua)