ထိုင်းနိုင်ငံသည် ပထမအကြိမ် တရုတ်-လာအိုရထားလမ်းမှတစ်ဆင့် လယ်ယာထွက်ကုန်များ တရုတ်နိုင်ငံသို့ တင်ပို့မည်

Yunnan Gateway, January 25, 2022
Size:

ထိုင်းနိုင်ငံ လယ်ယာစိုက်ပျိုးရေးဝန်ကြီးဌာန၏ အကြံပေးပုဂ္ဂိုလ်တစ်ဦး၏ပြောကြားချက်အရ ထိုင်းနိုင်ငံမှ ကောက်ညှင်းဆန် တန်ချိန် ၅၀၀ တင်ပို့သည့် မီးရထားတွဲတစ်တွဲသည် ဇန်နဝါရီလ ၂၆ ရက်နေ့တွင် ဗီယင်ကျန်းမြို့မှ ထွက်ခွာပြီး တရုတ်-လာအိုမီးရထားလမ်းမှတစ်ဆင့် တရုတ်နိုင်ငံ ယူနန်ပြည်နယ် မော်ဟန်းဂိတ်ဖြတ်ကို ဖြတ်ကျော်ကာ တရုတ်နိုင်ငံ ချုံချင့်မြို့သို့ ရောက်ရှိမည်ဖြစ်သည်။ ၎င်းပို့ဆောင်ရေးခရီးစဥ်သည် ၃-၄ ရက်ခန့်ကြာမည်ဖြစ်ပြီး ပင်လယ်ရေကြောင်းပို့ဆောင်ခြင်းထက် ၄ ဆ ပိုမြန်မည် ဖြစ်ပါသည်။

၎င်းသည် ဒီဇင်ဘာလ ၃ ရက်နေ့က တရုတ်-လာအိုရထားလမ်း တရားဝင် ပြေးဆွဲပြီးနောက် ထိုင်းနိုင်ငံက ပထမဆုံးအကြိမ် လာအိုနိုင်ငံဖြတ်ကျော်ပြီး တရုတ်နိုင်ငံသို့ လယ်ယာထွက်ကုန်ပို့ဆောင်ခြင်းဖြစ်သည်။