တရုတ်-လာအိုရထားလမ်းဖြင့် ပို့ဆောင်သော နိုင်ငံတကာကုန်စည် စုစုပေါင်း ပမာဏသည် တရုတ်ယွမ် ၁ ဘီလီယံကျော်ရှိ

CRI, January 19, 2022
Size:

၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၃ ရက်နေ့က တရုတ်-လာအိုရထားလမ်း ဖွင့်လှစ်ခဲ့သည့်နောက်ပိုင်းတွင်  ယခုနှစ် ဇန်နဝါရီလ ၁၇ ရက်နေ့အထိ ကူမင်းအကောက်ခွန်ဌာနသည် တရုတ်-လာအိုရထားလမ်းမှ နိုင်ငံတကာ ကုန်တင်ရထား စုစုပေါင်း ၁၅၃ စင်းကို ကြီးကြပ်စစ်ဆေးခွင့်ပြုပြီး ကုန်စည် တန်ချိန် စုစုပေါင်း ၅၉၅၀၀ ရှိကာ ကုန်စည်တန်ဖိုး စုစုပေါင်း ယွမ် ၁၀၆၈ သန်း ဖြစ်ကြောင်း China Media Group မှ သတင်းအရ သိရပါသည်။

တရုတ်-လာအိုရထားလမ်းကွန်ရက်သည် တရုတ်ပြည်တွင်း ပြည်နယ် ၉ ပြည်နယ်နှင့် မြို့ ၁၅ မြို့၊ လာအို၊ ထိုင်းနှင့် စင်ကာပူ စသော Belt and Road အနီးတစ်ဝိုက်ရှိ နိုင်ငံ ၁၀ နိုင်ငံကျော်ကို ဖုံးလွှမ်းခဲ့ကြောင်း သတင်းရရှိပါသည်။