မြန်မာနိုင်ငံမှ လတ်ဆတ်ဂဏန်းပြာ (၅) တန်သည် တရုတ်နိုင်ငံ၏စားပွဲပေါ်သို့ နေ့စဉ်နေ့တိုင်းရောက်ရှိလာ

Yunnan Gateway, January 19, 2022
Size:

ဇန်နဝါရီလ (၁) ရက် “ဒေသဆိုင်ရာဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှုသဘောတူစာချုပ်” (RCEP) အတည်ပြုအကျုံးဝင်ခဲ့ရာ ZTO ကျုံးထုံးနိုင်ငံတကာ အရှေ့တောင်အာရှအုပ်ချုပ် ရေးစင်တာ ထောက်ပံ့ရေးကွင်းဆက် တာဝန်ရှိသူ Ren Jiabin သည် ပိုမိုအလုပ်များလာပါသည်။

RCEP အရ ပင်လယ်စာ၊ သစ်သီးဝလံနှင့်ဟင်းသီးဟင်းရွက်များ စသည့် လတ်ဆတ်ကုန်ပစ္စည်းများ ဂိတ်ဖြတ်သည့်အချိန်သည် (၆) နာရီအတွင်းဖြစ်အောင် လျော့ချထားပါသည်။ Ren Jiabin ၏တာဝန်သည် ပေါ်လစီကိုကောင်းစွာအသုံးချပြီး မြန်မာနိုင်ငံ၏ ဂဏန်းပြာကို နှစ်ရက်အတွင်း တရုတ်နိုင်ငံအရောက်ပို့ရန် ဖြစ်ပါသည်။

မြန်မာနိုင်ငံတွင် ZTO အမြန်ချောပို့သူများသည် ပစ္စည်းလက်ခံသူဖြစ်သလို အဝယ်တော်များလည်း ဖြစ်သည်။ နံနက်ခင်းတိုင်းတွင် သူတို့သည် ကုန်ပစ္စည်း‌ထောက်ပံ့သူ၏ ဂဏန်းကန် သို့သွားပြီး အလေးချိန် (၄၀၀) မှ (၅၀၀) ဂရမ်ရှိသော ဂဏန်းပြာများကို ရွေးယူကာ ပါကင် ထုပ်ပိုးရပါသည်။ ညအချိန်တွင် ဂဏန်းပြာသည် ခွဲဝေစင်တာသို့ရောက်ပြီး လေယာဉ်”စီး”ရန် စီစဉ်ရပါသည်။ ဒုတိယရက်တွင် အဆိုပါဂဏန်းပြာများသည် ကူမင်းချန်ရွှင်လေဆိပ်နှင့် ကွမ်ကျိုးပိုင်ယွင်လေဆိပ်သို့‌ ရောက်ရှိပြီးနောက် တရုတ်နိုင်ငံရှိ စူပါမားကတ်ကြီးများသို့ ခွဲဝေရောက်ရှိပါသည်။

“နှစ်သစ်ကူးမတိုင်မီအချိန်က ဂဏန်းပြာအကောင်းဆုံးချိန် ဖြစ်တယ်။ ရောင်းအကောင်းဆုံး အချိန်လည်းဖြစ်တယ်”ဟု Ren Jiabin က ပြောသည်။ လေကြောင်းသယ်ပို့ရေးအရှိန်နှင့် ကျွမ်းကျင်သောအအေးကွင်းဆက်ကိရိယာများ၏ အကျိုးကြောင့် နေ့စဉ်နေ့တိုင်း မြန်မာနိုင်ငံ ဂဏန်းပြာ (၅) တန်သည် ZTO နိုင်ငံတကာထောက်ပံ့ရေးကွင်းဆက်ဖြင့် စားသုံးသူများ၏ စားပွဲပေါ်သို့ လတ်လတ်ဆတ်ဆတ် ရောက်ရှိလာပါသည်။ အနာဂတ်တွင် အုန်းစိမ်း၊ ဒူးရင်းသီး၊ လေချူသီးကဲ့သို့အရှေ့တောင်အာရှရည်သွေးမြင့်ကုန်ပစ္စည်းများကို တိုးချဲ့လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရပါသည်။