ဗီယင်ကျန်းမြို့နှင့် စူးကျိုးမြို့ကြား ကုန်တင်ရထား စတင်ပြေးဆွဲခဲ့

Yunnan Gateway, January 13, 2022
Size:

တရုတ်နိုင်ငံ အရှေ့ဘက် ကုန်စည်တင်ပို့မှုတွင် အဓိက အချက်အချာမြို့ဖြစ်သော စူးကျိုးမြို့နှင့် လာအိုနိုင်ငံ၏မြို့တော် ဗီယင်ကျန်းမြို့အကြား ကုန်စည်ပို့ဆောင်ရေးရထားလမ်းကြောင်းကို စတင်ပြေးဆွဲခဲ့ကြောင်း ရထားအော်ပရေတာ၏ပြောကြားချက်အရ သိရသည်။

ကုန်စည်စုစုပေါင်းတန်ဖိုး ယွမ်သန်း ၅၀ (အမေရိကန်ဒေါ်လာ ၇.၈၅ သန်း) ရှိသော LCDs နှင့် မော်တော်ယာဉ်အစိတ်ပိုင်းကဲ့သို့ ကုန်စည်များတင်ဆောင်ထားသော ရထားတစ်စီးသည် စူးကျိုးမြို့မှ ဇန်နဝါရီ ၁၁ ရက်တွင် ထွက်ခွာခဲ့ပြီး ၇ ရက်အတွင်း ဗီယင်ကျန်းမြို့သို့ ဆိုက်ရောက်ရန် မျှော်မှန်းထားကြောင်း Suzhou International Train Freight ကုမ္ပဏီလီမီတက်မှ သိရသည်။

၁၀၃၅ ကီလိုမီတာ ရှည်လျားသည့် တရုတ်-လာအို ရထားလမ်းသည် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၃ ရက် တွင် စတင်လည်ပတ်ပြီးသည့်နောက် ၎င်းရထားသည် စူးကျိုး-ဗီယင်ကျန်းကြား ပြေးဆွဲသော ပထမဆုံး ကုန်တင်ရထားဖြစ်သည်။

“အနာဂတ်မှာ တရုတ်-လာအို မီးရထား ကုန်စည်ပို့ဆောင်ရေး ရထားဟာ အပတ်စဉ် ပြေးဆွဲဖို့ မျှော်လင့်ထားပြီး နိုင်ငံတကာကုန်စည်ပို့ဆောင်ရေးအတွက် တည်ငြိမ်တဲ့လမ်းကြောင်း ဖြစ်လာဖို့ မျှော်လင့်ပါတယ်”ဟု Suzhou International Train Freight ကုမ္ပဏီလီမီတက်မှ အထွေထွေမန်နေဂျာ Zhang Fan ကပြောသည်။ (Xinhua)