တရုတ်နိုင်ငံမှ မြန်မာနိုင်ငံသို့ ထပ်မံလှူဒါန်းထောက်ပံ့သည့် ကိုဗစ်-၁၉ ကာကွယ်ဆေးသည် ကူမင်းမြို့မှ ထွက်ခွာ

Yunnan Gateway, January 12, 2022
Size:

တရုတ်နိုင်ငံမှ မြန်မာနိုင်ငံသို့ ထပ်မံလှူဒါန်းထောက်ပံ့သည့် ကိုဗစ်-၁၉ ကာကွယ်ဆေးများ ကူမင်းမြို့မှ ထွက်ခွာခြင်းအခမ်းအနားကို ဇန်နဝါရီလ ၁၁ ရက်နေ့က တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့တွင် ကျင်းပခဲ့ကြောင်း သတင်းအရ သိရပါသည်။

တရုတ်နှင့်မြန်မာ နှစ်နိုင်ငံသဘောတူထားသည့် အကူအညီပေးရေးအစီအစဉ်အရ တရုတ်အစိုးရသည် မြန်မာနိုင်ငံမြောက်ပိုင်းဒေသသို့ ကိုဗစ်-၁၉ ကာကွယ်ဆေးအလုံးရေ ၁၀ သိန်း ထောက်ပံ့မည်ဖြစ်ပြီး နှစ်သုတ်ခွဲကာ ပေးပို့မည်ဖြစ်သည်။ ပထမအသုတ်အဖြစ် ဇန်နဝါရီလ ၁၁ ရက်နေ့တွင် ကိုဗစ်-၁၉ ကာကွယ်ဆေး အလုံးရေ ၇.၄၆၈ သိန်းအား ပို့ဆောင်ခဲ့ပြီဖြစ်ပြီး အထူးယာဥ် ၇ စီးဖြင့် တရုတ်-မြန်မာနယ်စပ်ဒေသဖြစ်သော တာလော၊ ရွှေလီ၊ ယဥ်ကျန်း၊ ကျန်းဖုန့်၊ နန်စန်း၊ ဟော်ချောင်၊ မွန်လျန် စသည့် နယ်စပ်ဂိတ် ၇ ခုသို့ တင်ပို့ကာ မြန်မာဘက်သို့ လွှဲပြောင်းပေးသည် ဖြစ်သည်။

၂၀၂၁ ခုနှစ် ဒီဇင်ဘာလအထိ၊ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံသို့ ထောက်ပံ့သည့် ကိုဗစ်-၁၉ ကာကွယ်ဆေး သည် စုစုပေါင်း အလုံးရေ သန်း ၄၀ ရှိပြီး မြန်မာပြည်သူပြည်သားများ၏ ကိုဗစ်-၁၉ တိုက်ဖျက်ရေးအတွက် အကူအညီပေးခဲ့သည်။