တရုတ်နိုင်ငံမှ ကိုဗစ်ကာကွယ်ဆေးအလုံး ၇၄၆၈၀၀ အား မြန်မာနိုင်ငံသို့ စတင်ပို့ဆောင်၊ ၁၂ ရက်နေ့တွင် မြန်မာဘက်အား ပေးအပ်မည်

CRI, January 12, 2022
Size:

ဇန်နဝါရီလ ၁၁ ရက်နေ့က တရုတ်အစိုးရမှ မြန်မာနိုင်ငံအား ကူညီထောက်ပံ့သော ကိုဗစ်ကာကွယ်ဆေးကို အထူးကားဖြင့် ကူမင်းမြို့မှ စတင် ပို့ဆောင်ခဲ့ကြောင်း၊ ၁၂ ရက်နေ့တွင် ဆစ်ဆောင်ပနား၊ တယ်ဟုန်၊ လင်ဆန်၊ ဘော်ဆန်းနှင့် ပုအေစသော မြို့နှင့်ဒေသ ၅ ခုမှ အစိုးရများသည် တာလို့၊ ရွှေလီ၊ ရင်းကျန်း၊ ကျန်းဖုန်၊ နန်းဆောင်း၊ ဟိုချော်နှင့်မုန်လျန်စသော နယ်စပ်ဂိတ်မှတစ်ဆင့် အဆိုပါကာကွယ်ဆေးကို မြန်မာနိုင်ငံအား ပေးအပ်မည်ဖြစ်ကြောင်း China Media Group မှ သတင်းအရ သိရပါသည်။

ယခုအကြိမ် ကာကွယ်ဆေးသည် စုစုပေါင်းအလုံး ၇ သိန်း ၄ သောင်း ၆ ထောင် ၈ရာ ဖြစ်ပြီး ဇန်နဝါရီလ ၁၀ ရက်နေ့က ပီကင်းမြို့မှ ကူမင်းမြို့သို့ ပို့ဆောင်ခဲ့ခြင်းဖြစ်ကြောင်း၊ နှစ်ဖက်တို့၏ ကူညီထောက်ပံံ့ရေးအစီအစဉ်အရ ကိုဗစ်ကာကွယ်ဆေး စုစုပေါင်းအလုံး ၁ သန်းကို အသုတ် ၂ သုတ်ခွဲပြီး တရုတ်နိုင်ငံမှ မြန်မနိုင်ငံသို့ ပို့ဆောင်မည်ဖြစ်ကြောင်း၊ ဒုတိယအသုတ်သည် ဖေဖေါ်ဝါရီလ ၉ ရက်နေ့တွင် ပီကင်းမြို့မှ စတင်ပို့ဆောင်မည်ဖြစ်ကြောင်း သတင်းရရှိပါသည်။