အာဆီယံအနေဖြင့် မြန်မာ့အရေးကို အာဆီယံနည်းလမ်းဖြင့် သင့်တော်စွာ ကိုင်တွယ် ဖြေရှင်းရေးကို တရုတ်နိုင်ငံက ထောက်ခံကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနဆို

CRI, January 11, 2022
Size:

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝင်ပင် က အာဆီယံအနေဖြင့် မြန်မာ့အရေးကို အာဆီယံနည်းလမ်းဖြင့် သင့်တော်စွာ ကိုင်တွယ်ဖြေရှင်းပြီး အာဆီယံမူဘောင်အောက်တွင် "သဘောတူညီချက် ၅ ချက်" ကို ချောမောစွာ အကောင်အထည်ဖော်ရေးကို တရုတ်နိုင်ငံက ထောက်ခံအားပေးကြောင်း ယခုလ ၁၀ ရက်နေ့က ပီကင်းတွင် ပြောကြားခဲ့သည်။

၇ ရက်နေ့က မြန်မာခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် အလည်အပတ်ရောက်ရှိလာသော ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်နှင့် နေပြည်တော်၌ တွေ့ဆုံခဲ့ပါသည်။ နှစ်ဖက်ထုတ်ပြန်သော ပူးတွဲကြေညာချက်တွင် မြန်မာနှင့် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့၊ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များအကြား အပစ်အခတ်ရပ်စဲရေးဆိုင်ရာ စေ့စပ်ဆွေးနွေးပွဲများတွင် ပါဝင်ရန် မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးသံတမန်အား ကြိုဆိုကြောင်း၊ မြန်မာနိုင်ငံအခြေအနေအရ အထူးသံတမန်အား သက်ဆိုင်ရာဘက်အသီးသီးတို့နှင့် တွေ့ဆုံရန် စီစဉ်ပေးမည်ဖြစ်ကြောင်း၊ အာဆီယံက "သဘောတူညီချက် ၅ ချက်" အကောင်အထည်ဖော်ခြင်းသည် မြန်မာနိုင်ငံက "လမ်းပြမြေပုံ အချက် ၅ ချက်” အကောင်အထည်ဖော်ခြင်းနှင့် အချင်းချင်းဖြည့်စွက်ရမည်ဟု အလေးထားဖော်ပြကြောင်း သတင်းအရ သိရပါသည်။

ယင်းနှင့်ပတ်သက်၍ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝင်ပင် က အာဆီယံအနေဖြင့် မြန်မာနိုင်ငံအရေးကို အာဆီယံနည်းလမ်းဖြင့် သင့်တော်စွာ ကိုင်တွယ်ဖြေရှင်းပြီး အာဆီယံမူဘောင်အောက်တွင် "သဘောတူညီချက် ၅ ချက်" ကို ချောမောစွာ အကောင်အထည်ဖော်ခြင်းကို တရုတ်နိုင်ငံက ထောက်ခံကြောင်း၊ အာဆီယံ အထူးသံတမန်သည် ၎င်း၏ တာဝန်များကို ထမ်းဆောင်ရန် မြန်မာဘက်က အခြေအနေကောင်း ဖန်တီးပြီး မြန်မာနိုင်ငံ၏ "လမ်းပြမြေပုံ အချက်ငါးချက်" နှင့် အာဆီယံ၏ "သဘောတူညီချက် ၅ ချက်" ထိရောက်စွာ ချိတ်ဆက်ရန် တွန်းအားပေးရေးကို မိမိတို့ ချီးကျူးပါကြောင်း၊ တရုတ်ဘက်အနေနှင့် အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌနိုင်ငံ ကမ္ဘောဒီးယားက အပြုသဘောဆောင်သော အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်ပြီး မြန်မာနိုင်ငံ ဘက်အသီးသီးတို့အတွက် နိုင်ငံရေး ဆွေးနွေးပွဲများမှတစ်ဆင့် ကွဲလွဲမှုများကို သင့််လျော်စွာ ဖြေရှင်းရန်နှင့် တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အမြန်ဆုံး ပြန်လည်ရရှိရန် အရေးကြီးသော အကျိုးဆောင်မှုများ ပြုလုပ်ခြင်းကို တရုတ်ဘက်က အပြည့်အဝ ထောက်ခံမည်ဖြစ်ကြောင်း ပြောကြားပါသည်။