လန်ချန်း-မဲခေါင် အမြန်ရထားလမ်းကြောင်းဖြစ်သော တရုတ်-လာအို နိုင်ငံတကာ ကုန်တင်ရထား စတင်ပြေးဆွဲ

CRI, January 11, 2022
Size:

ဇန်နဝါရီလ ၁၀ ရက်နေ့က တရုတ်နိုင်ငံသည် တစ်ပြည်လုံးဆိုင်ရာ ရထားလမ်းပြေးဆွဲမှု ဇယားသစ်ကို စတင်လက်တွေ့ဆောင်ရွက်ခဲ့ပါသည်။ ထို့နေ့တွင်ပင် ပထမဆုံး လန်ချန်း-မဲခေါင် အမြန်ရထားလမ်းကြောင်းဖြစ်သော တရုတ်-လာအို နိုင်ငံတကာ ကုန်တင်ရထားသည် ယင်းဇယားသစ်အတိုင်း ပြေးဆွဲကာ တရုတ်ကူမင်းက လာအို ဗီယင်ကျန်းသို့ သွားရောက်ရန် ၂၆ နာရီသာ လိုအပ်ပြီး နိုင်ငံတကာ ကုန်တင်ရထားများ၏ ပုံမှန်လည်ပတ်ချိန်နှင့်နှိုင်းယှဉ်လျှင် များစွာ လျော့နည်းပါသည်။

တရုတ်ရထားကော်ပိုရေးရှင်းချုပ် ကူမင်းဦးစီးဌာနမှ သက်ဆိုင်ရာအရာရှိ တစ်ဦးက လန်ချန်း-မဲခေါင် အမြန်ရထားလမ်းကြောင်းသည် ကနဦးအဆင့်တွင် တစ်ပတ်လျှင် ၂ ခေါက်ပြေဆွဲမည်ဖြစ်ပြီး နောက်နောင်တွင် ဈေးကွက်အခြေအနေအရ တဖြည်းဖြည်း တိုးများပြေးဆွဲပေးမည်ဖြစ်ကြောင်း၊ ယင်းသည် အသီးအရွက်များ၊ ပန်းများ၊ အီလက်ထရွန်းနစ် ထုတ်ကုန်များ၊ လူသုံးကုန်ပစ္စည်းများ အပါအဝင် တိုတောင်းသည့် အချိန်အတွင်း ပို့ဆောင်ရန်လိုအပ်သော ကုန်ပစ္စည်းများ ပို့ဆောင်ရန် လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်မည် ဖြစ်ကြောင်း မိတ်ဆက်ပြောဆိုခဲ့သည်ဟု China Media Group မှ သတင်းအရ သိရပါသည်။