ကမ္ဘာဒီးယားဝန်ကြီးချုပ် ဟုန်စင်၏ မြန်မာခရီးစဉ် ပြီးဆုံး၊ နှစ်ဖက်ပူးတွဲကြေညာချက် ထုတ်ပြန်

CRI, January 9, 2022
Size:

ဒေသစံတော်ချိန် ယခုလ ၈ ရက်နေ့က ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟုန်စင်သည် မြန်မာနိုင်ငံ၌ နှစ်ရက်ကြာ ခရီးစဉ် ပြီးဆုံးခဲ့ပြီး မြန်မာနိုင်ငံနှင့် ပူးတွဲကြေညာချက်ကို ထုတ်ပြန်ခဲ့ကြောင်း China Media Group မှ သတင်းအရ သိရပါသည်။

ကြေညာချက်တွင် မြန်မာတပ်မတော်သည် အပစ်အခတ် ရပ်စဲရေး နောက်ဆုံးအချိန်ကို ၂၀၂၂ ခုနှစ် ဖေဖေါ်ဝါရီလ လကုန်မှနေ ၂၀၂၂ ခုနှစ် နှစ်ကုန်အထိ ရွှေ့ဆိုင်းရန် ကတိပြုပြီး မြန်မာရေးရာ အာဆီယံအဖွဲ့ အထူးသံတမန်က မြန်မာတပ်မတော်နှင့် ဒေသခံတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တို့အကြား ငြိမ်းချမ်းရေး စေ့စပ်ဆွေးနွေးပွဲတွင် ပါဝင်ရန် ကြိုဆိုကြောင်းလည်း ဖော်ပြပါသည်။ ကမ္ဘောဒီးယားဘက်က ယင်းကို ထောက်ခံသည်ဟု ဖော်ပြပြီး ဘက်အသီးသီးတို့အနေနှင့် နိုင်ငံနှင့် ပြည်သူများ၏ အကျိုးအတွက် အပစ်အခတ် ရပ်စဲရန်၊ တတ်နိုင်သမျှ ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်ထားရန် ပန်ကြားပါသည်။

မြန်မာနိုင်ငံအား လူသားချင်း စာနာထောက်ထားမှု ကူညီထောက်ပံ့ရေး ပိုမို တွင်ကျယ်စေရန်အတွက် နှစ်ဖက်တို့သည် မြန်မာရေးရာ အာဆီယံအဖွဲ့ အထူးသံတမန်၊ အာဆီယံအဖွဲ့ အတွင်းရေးမှူးချုပ်၊ အာဆီယံ လူသားချင်းစာနာထောက်ထားမှု ကူညီထောက်ပံ့ရေးနှင့် ဘေးအန္တရာယ် စီမံခန့်ခွဲရေးစင်တာမှ ကိုယ်စားလှယ်၊ မြန်မာကြက်ခြေနီအသင်းနှင့် ကုလသမဂ္ဂ သက်ဆိုင်ရာဌာနများဖြင့် ဖွဲ့စည်းသော အထူးအစည်းအဝေးကို ကျင်းပရန် ထောက်ခံကြပါသည်။

မြန်မာတပ်မတော်သည် ကမ္ဘောဒီးယားက ဒုဝန်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီး ဘရာဇော်အား မြန်မာရေးရာ အာဆီယံအဖွဲ့ အထူးသံတမန်အဖြစ် ခန့်အပ်ခြင်းကို ကြိုဆိုကြောင်း ဖော်ပြပြီး အာဆီယံနှင့် ရရှိသောသဘောတူညီချက် ငါးရပ်ကို သံတမန်က ဖော်ဆောင်ခြင်းကို ထောက်ခံဆောက်ရွက်ပေးမည်ဟုလည်း ကတိပြုထားပါသည်။