တရုတ်-မြန်မာ အိန္ဒိယသမုဒ္ဒရာ စင်္ကြံလမ်းသစ် အပြည်ပြည်ဆိုင်ရာ ကုန်းလမ်း-ရထားလမ်း ပေါင်းစပ်ပို့ဆောင်ရေး ပထမဆုံး စမ်းသပ်ရထား စီချွမ်ပြည်နယ် တယ်ရန်မြို့သို့ အောင်မြင်စွာ ရောက်ရှိ

Yunnan Gateway, January 4, 2022
Size:

၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၃ ရက်နေ့တွင် တရုတ်-မြန်မာ အိန္ဒိယသမုဒ္ဒရာစင်္ကြံလမ်းကြောင်းသစ် (မြန်မာ - ယူနန်ပြည်နယ် လင်ချန် - စီချွမ်ပြည်နယ်) အား အသုံးပြုသည့် ကုန်းလမ်း-ရထားလမ်း ပေါင်းစပ်ပို့ဆောင်ရေး ပထမဆုံးစမ်းသပ်ရထားသည် တယ်ရန်အပြည်ပြည်ဆိုင်ရာ မီးရထားလမ်း သယ်ယူပို့ဆောင်ရေးဘူတာသို့ အောင်မြင်စွာ ရောက်ရှိခဲ့သည်။
အဆိုပါစမ်းသပ်ရထားတွင် ပဲတီစိမ်းနှင့် နှမ်းစေ့ တန်ချိန် ၁၂၀၀ သယ်ဆောင်ပြီး မြန်မာပြည်တွင်းမှစ၍ ထွက်ခွာကာ ယူနန်ပြည်နယ် လင်ချန်မြို့ ချင်ရွှေဟော် ဂိတ်ပေါက်မှတစ်ဆင့် ဝင်ရောက်ပြီး ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် လင်ချန်ဘူတာရုံ သို့ရောက်ရှိသည်။ ကုန်းလမ်းနှင့်ရထားလမ်း ပေါင်းစပ်ပို့ဆောင်ခြင်းဖြင့် ၃ ရက်သာကြာပြီး တယ်ရန် အပြည်ပြည်ဆိုင်ရာ မီးရထားလမ်းသယ်ယူပို့ဆောင်ရေးဘူတာသို့ တိုက်ရိုက်ရောက်ရှိသည်။ ထို့နောက် စီချွမ်ပြည်နယ် ချိန်တူးမြို့မှတဆင့် ပြည်နယ်အသီးသီးသို့ ပို့ဆောင်ရောင်းချမည် ဖြစ်ကြောင်း သိရပါသည်။