တရုတ်-လာအို ရထားလမ်းသည် တရုတ်မှ အာဆီယံနိုင်ငံသို့ ကုန်စည်ပို့ဆောင်ရေး လမ်းကြောင်းသစ် တစ်ခုဖြစ်လာ

CRI, January 3, 2022
Size:

တရုတ်-လာအို ရထားလမ်း စတင်ပြေဆွဲခဲ့သည့်တစ်လ ပြည့်ဖြစ်နေသည့် ဇန်နဝါရီလ ၃ ရက်နေ့အထိ ပို့ဆောင်သည့် ခရီးသည်ဦးရေ စုစုပေါင်းမှာ ၆ သိန်း ၇ သောင်း ရှိပြီး ကုန်စည် တန်ချိန် ၁ သိန်း ၇ သောင်း ပို့ဆောင်ခဲ့ကြောင်း၊ လမ်းကြောင်းတစ်လျှောက် ခရီးသွားစီးပွားရေးကို ရှင်သန်စေပြီး တရုတ်-အာဆီယံအကြား ကုန်စည်ပို့ဆောင်ရေးလမ်းကြောင်းသစ် လျင်မြန်စွာ ဖြစ်လာကြောင်း၊ တရုတ်-လာအိုနှစ်နိုင်ငံပြည်သူများ၏ခရီးသွားလာမှုအခြေအနေကို ကောင်းမွန်အဆင်ပြေစေရေး၊ ပြည်တွင်းပြည်ပ စီးပွားရေးလည်ပတ်မှု ချောမောစေရေး၊ တရုတ်-လာအို စီးပွားရေး စင်္ကြံတည်ဆောက်မှု တွန်းအားပေးရေးအတွက် အပြုသဘောဆောင်သော အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်ကြောင်း တရုတ်နိုင်ငံတော် ရထားလမ်းကုမ္ပဏီအုပ်စုမှ သတင်းအရ သိရပါသည်။