၉ ကြိမ်မြောက် တရုတ်-လာအို ပါတီသဘောတရားနှီးနှောဖလှယ်ပွဲ ကျင်းပ

CRI, December 30, 2021
Size:

ယခုလ ၂၉ ရက်နေ့ နံနက်ပိုင်းက ၉ ကြိမ်မြောက် တရုတ်-လာအို ပါတီသဘောတရား နှီးနှောဖလှယ်ပွဲကို ဗီဒီယိုအသွင်ပုံစံဖြင့် ကျင်းပခဲ့ရာ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဦးဆောင်အဖွဲ့ အဖွဲ့ဝင်၊ ဗဟိုအတွင်းရေးမှူးရုံး အတွင်းရေးမှူး၊ ပြန်ကြားရေးဝန်ကြီး ဟွမ်ခွင်မင်နှင့် လာအိုပြည်သူ့တော်လှန်ရေးပါတီ ဗဟိုကော်မတီ နိုင်ငံရေးဦးဆောင်အဖွဲ့ အဖွဲ့ဝင်၊ ဗဟိုကော်မတီ အတွင်းရေးမှူးရုံး အတွင်းရေးမှူး၊ နိုင်ငံတော် ကြီးကြပ်ရေးရုံးချုပ် ဥက္ကဋ္ဌ ဖုန်မာတာတို့ တက်ရောက်မိန့်ခွန်းပြောကြားခဲ့ကြသည်ဟု China Media Group မှ သတင်းအရသိရသည်။

ဟွမ်ခွင်မင်က ယခုနှစ်သည် တရုတ်-လာအို သံအဆက်အသွယ်ထားရှိခဲ့သည့် ၆၀ ပြည့်မြောက်နှစ်နှင့် တရုတ်-လာအို ချစ်ကြည်ရေးနှစ်ဖြစ်ကြောင်း၊ နှစ်နိုင်ငံ ပါတီတို့အကြား နိုင်ငံတော် စီမံအုပ်ချုပ်ရေးဆိုင်ရာ အတွေ့အကြုံများ နှီးနှောဖလှယ်မှု အားဖြည့်ပြုလုပ်ခြင်းသည် အလွန်အဓိပ္ပာယ်နက်နဲပါကြောင်းပြောကြားခဲ့သည်ဟု သတင်းအရ သိရသည်။