တရုတ်-လာအိုရထားလမ်းသည် လာအိုနှင့်ကမ္ဘာကို ပိုနီးကပ်လာစေဟု တရုတ်ဆို

CRI, December 22, 2021
Size:

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူကျောက်လိကျန်းက တရုတ်-လာအို ရထားလမ်းသည် လာအိုနိုင်ငံ “ကုန်းတွင်းပိတ်နိုင်ငံ”ကနေ “ကုန်းတွင်း ဆက်သွယ်ရေးနိုင်ငံ”သို့ ပြောင်းလဲစေရေး မဟာဗျူဟာကို အကျိုးပြုပြီး လာအိုနိုင်ငံ၏ ဖွံ့ဖြိုးရေးရှင်သန်မှုကို နိုးကြားစေကာ လာအိုနှင့်ကမ္ဘာကို ပိုနီးကပ်စေကြောင်း ၂၁ရက်နေ့က ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်ဟု China Media Groupမှ သတင်းအရသိရပါသည်။

လာအိုနိုင်ငံဝန်ကြီးချုပ် Phankhamက ပြင်ပမှ တရုတ်-လာအိုရထားလမ်းအပေါ် လုပ်ကြံပုတ်ခတ်မှုကို ချေပခဲ့သည်။ ၎င်းက “တရုတ်-လာအိုရထားလမ်းကြောင့် လာအိုနိုင်ငံ ကြွေးမြီထောင်ချောက်သို့ ကျရောက်စေခြင်း”ဟူသောပြောဆိုချက်သည် ပုတ်ခတ်စွပ်စွဲမှုပင် ဖြစ်ကြောင်း၊ တရုတ်-လာအိုရထားလမ်းသည် လာအိုပြည်သူများ၏ ဖွံ့ဖြိုးမှု လိုအပ်ချက်နှင့်ကိုက်ညီပြီး ပြည်သူနှင့် ကုန်သွယ်ရေး ကူးလူးဆက်ဆံမှုကို များစွာ တွန်းအားပေး၍ ပြည်သူများအတွက် အကျိုး ပိုများစွာ ဆောင်ကြဉ်းလာမည်ဖြစ်ကြောင်း မကြာခင်က မီဒီယာ၏အင်တာဗျူးကို လက်ခံရာတွင် ပြောကြားခဲ့ခြင်းဖြစ်ပါသည်။