အမေရိကန်ပညာရှင်သည် တရုတ်-လာအိုရထားလမ်းကို ချီးကျူ

CRI, December 20, 2021
Size:

တရုတ် ကူမင်းနှင့် လာအို ဗီယင်ကျန်းကို ဆက်သွယ်ထားသည့် တရုတ်စံနှုန်းဖြင့် ဖောက်လုပ်သော တရုတ်-လာအိုရထားလမ်းသည် ယခုလ ၃ ရက်နေ့က စတင် ပြေးဆွဲခဲ့သည်။ ယခုအထိ တရုတ်-လာအိုရထားလမ်းမှ နိုင်ငံတကာဆိုင်ရာ ကုန်စည်သယ်ဆောင်မှု တန်ဖိုးသည် တရုတ်ယွမ်ငွေ မီလီယံ ၁၀၀ ကျော် ရှိခဲ့ပါပြီ။ အမေရိကန် Johns Hopkins တက္ကသိုလ်မှ အဆင့်မြင့် နိုင်ငံတကာရေးရာ သုတေသနဌာန နိုင်ငံခြားရေး ပေါ်လစီ သုတေသနဌာနမှ အဆင့်မြင့်သုတေသီ တယ်ဗီ လန်းဖတန်က တရုတ်-လာအို ရထားလမ်းသည် တရုတ်၊ လာအိုနှင့် အခြားအရှေ့တောင်အာရှနိုင်ငံများကို ပိုမိုကျယ်ပြန့်ပြီး အဆင်ပြေစွာ ဆက်သွယ်ထားစေကာ ရထားလမ်းတစ်လျှောက်ရှိ ပြည်သူများအတွက် အကျိုးပြုမည်ဖြစ်ကြောင်း မကြာခင်က ပြောကြားသည်ဟု China Media Group မှ သတင်းအရ သိရပါသည်။