တရုတ်သည် ကမ္ဘောဒီးယားကို ကူညီတည်ဆောက်သည့် အမျိုးသားအားကစားကွင်း တရားဝင်စတင်အသုံးပြု

CRI, December 19, 2021
Size:

တရုတ်အစိုးရမှ ကူညီတည်ဆောက်သည့်၊ တရုတ်အဆောက်အအုံကုမ္ပဏီလီမိတက် (CSCEC)မှ လက်ခံတည်ဆောက်သည့် ကမ္ဘောဒီးယားအမျိုးသားအားကစားကွင်းကို ယခုလ ၁၈ ရက်နေ့က တရားဝင်စတင်အသုံးပြုခဲ့ပါသည်။ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟုန်စိန်နှင့် ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ဝမ်ဝင်ထျန်တို့သည် အားကစားကွင်းစတင်အသုံးပြုခြင်းအခမ်းအနားသို့ တက်ရောခဲ့ကြကြောင်း ဆင်ဟွာသတင်းအရ သိရပါသည်။

ဝန်ကြီးချုပ် ဟုန်စိန်သည် ကမ္ဘောဒီးယားအမျိုးသားအားကစားကွင်း တရားဝင်စတင် အသုံးပြုကြောင်း ကြေညာခဲ့ပါသည်။ ယင်းအားကစားကွင်းသည် ၂၀၂၃ ခုနှစ် အရှေ့တောင် အာရှအားကစားပွဲတော်အတွက် အဓိကအားကစားကွင်းဖြစ်လာမည်ဖြစ်ပါသည်။ ဝန်ကြီးချုပ် ဟုန်စိန်က တရုတ်နိုင်ငံကို ကျေးဇူးတင်ရှိပါကြောင်း၊ ယင်းသည် ကမ္ဘောဒီးယား အားကစားလုပ်ငန်းတွင် ကြီးမားသည့်အောင်မြင်မှုတစ်ရပ် ဖြစ်သကဲ့သို့ ကမ္ဘောဒီးယား-တရုတ် ချစ်ကြည်ရေး၏ အောင်သီးအောင်နှံတစ်ခုလည်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။

သံအမတ်ကြီး ဝမ်ဝင်ထျန် က ကမ္ဘောဒီးယားအမျိုးသားအားကစားကွင်းသည် ယခု အထိ တရုတ်အစိုးရမှ ပြည်ပကို ကူညီတည်ဆောက်ခဲ့သည့် အတိုင်းအတာအကြီးမားဆုံး၊ အဆင့်အတန်း အမြင့်ဆုံးသော အားကစားကွင်းဖြစ်ကြောင်း၊ ကမ္ဘောဒီးယားနိုင်ငံသည် ဤအားကစားကွင်းတွင် အရှေ့တောင်အာရှအားကစားပွဲကို လက်ခံကျင်းပမည်ဖြစ်ကြောင်း၊ ကမ္ဘောဒီးယားနိုင်ငံ နိုင်ငံတော်၏သရုပ်ကို ပြသသော၊ နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်ရေးကို တွန်းအားပေးသော၊ အမျိုးသားစိတ်ဓာတ်ကို မြှင့်တင်သော ယခုအကြိမ် အခမ်းအနားကို အောင်မြင်စွာ ကျင်းပနိုင်မည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။