၂၀၂၂ နွေဦးပွဲတော်ရုံးပိတ်ရက်များတွင် တရုတ်-လာအိုရထားလမ်းဖြင့် ခရီးသည် ၁ သန်းကျော် ပို့ဆောင်နိုင်မည်ဟု ခန့်မှန်းရ

CRI, December 17, 2021
Size:

ဒီဇင်ဘာလ ၃ ရက်နေ့က တရုတ်-လာအို ရထားလမ်း စတင်ပြေးဆွဲခဲ့သည့်နောက်ပိုင်း ရထားစီးခရီးသည်ဦးရေ သိသိသာသာ တိုးများလာသည်။ ၁၆ ရက်နေ့အထိ တရုတ်-လာအို ရထား ၆၀၀ ကျော် ပြေးဆွဲခဲ့ပြီဖြစ်ပြီး တရုတ်ပြည်တွင်းပိုင်းတွင် ခရီးသည် ၃သိန်းကျော် ပို့ဆောင်ခဲ့ကြောင်း တရုတ်မီးရထားကုမ္ပဏီအုပ်စု ကူမင်းကုမ္ပဏီမှ သတင်းအရ သိရသည်ဟု China Media Group က ရေးသားဖော်ပြပါသည်။

၂၀၂၂ နွေဦးပွဲတော်ရုံးပိတ်ရက်များတွင် တရုတ်-လာအိုရထားလမ်းဖြင့် ခရီးသည် ၁ သန်းကျော် ပို့ဆောင်နိုင်မည်ဟု ခန့်မှန်းရပါသည်။