မြန်မာဗဟိုဘဏ်က တရုတ်-မြန်မာနယ်စပ်ဒေသတွင် တရုတ်ယွမ်ငွေနှင့် မြန်မာကျပ်ငွေကို တိုက်ရိုက်ကုန်သွယ်ရေး စာရင်းရှင်းနိုင်သည်ဟု ကြေညာ

CRI, December 15, 2021
Size:

ဒေသစံတော်ချိန် ဒီဇင်ဘာလ ၁၄ ရက်နေ့က မြန်မာဗဟိုဘဏ်က တရုတ်နှင့်မြန်မာ နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေးကို အားသစ်လောင်းပေးပြီး ကုန်စည်စီးဆင်းမှု အဆင်ပြေစေရန်အတွက် မြန်မာနိုင်ငံခြားငွေစီမံအုပ်ချုပ်ရေးဥပဒေ ပုဒ်မ ၁၇ နှင့် ပုဒ်မ ၂၂ အရ ထိုနေ့မှစ၍ တရုတ်နှင့်မြန်မာ နှစ်နိုင်ငံနယ်စပ်ဒေသတွင် ကုန်သွယ်ရေးဆောင်ရွက်ရာ၌ တရုတ်ယွမ်ငွေနှင့်မြန်မာကျပ်ငွေ တိုက်ရိုက် စာရင်းရှင်းနိုင်သည်ဟု ကြေညာခဲ့ကြောင်း China Media Group မှ သတင်းအရ သိရပါသည်။