မြန်မာနိုင်ငံရှိ အစိုးရဝန်ထမ်းများအတွက် မွမ်းမံသင်တန်း အွန်လိုင်းဖွင့်ပွဲအခမ်းအနား ကျင်းပ

CRI, December 15, 2021
Size:

ဒီဇင်ဘာလ ၁၄ ရက်နေ့က တရုတ်ကုန်သွယ်ရေးဝန်ကြီးဌာနမှ ကြီးမှူးကျင်းပပြီး တရုတ်နိုင်ငံတော်စီမံခန့်ခွဲရေးကောလိပ်မှ လက်ခံကျင်းပသော မြန်မာနိုင်ငံ အစိုးရဝန်ထမ်းများအတွက် မွမ်းမံသင်တန်း အွန်လိုင်းဖွင့်ပွဲအခမ်းအနားကို ကျင်းပခဲ့ရာ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Chen Hai၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ စီးပွားရေးသံမှူး Tan Shufu၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဒုတိယဥက္ကဋ္ဌ ဦးစံမြင့်၊ တရုတ်နိုင်ငံတော်စီမံခန့်ခွဲရေးကောလိပ် နိုင်ငံတကာ၊ ဟောင်ကောင်နှင့် မကာအိုဆိုင်ရာ မွမ်းမံသင်တန်းစင်တာဒုတိယဥက္ကဋ္ဌ Duan Hongxia နှင့် မြန်မာနိုင်ငံမှ အစိုးရဝန်ထမ်း ၄၅ ဦးတို့သည် အွန်လိုင်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ကြပါသည်။