တရုတ်ယူနန်၏ လတ်ဆတ်သောပန်းများ မြန်မာနိုင်ငံသို့ ပြန်လည်တင်ပို့နေပြီး မြန်မာပြည်သူပြည်သားများ၏ ဘုရားပန်းကပ်လှူပူဇော်နိုင်ရန် ဖြည့်ဆည်းပေးနေ

Yunnan Gateway, December 9, 2021
Size:

ယခုရက်ပိုင်းတွင် တရုတ်နိုင်ငံ ယူနန်ပြည်နယ် Shoumeng လယ်ယာလုပ်ငန်းကုမ္ပဏီသည် လတ်ဆတ်သောပန်း ၂ တန်ကို မြန်မာ့လေကြောင်းလိုင်းမှတစ်ဆင့် မြန်မာနိုင်ငံ ရန်ကုန်မြို့သို့ တင်ပို့ခဲ့ပါသည်။ ၎င်းသည် ယခုနှစ် ဇူလိုင်လနောက်ပိုင်း လတ်ဆတ်သောပန်းများ မြန်မာနိုင်ငံသို့ ပထမအကြိမ် ပြန်လည်ပို့ဆောင်ခြင်းဖြစ်သည်။ “ကျွန်တော်တို့ကုမ္ပဏီက မြန်မာနိုင်ငံကို ပန်းတွေ ဆက်လက်တင်ပို့နေပါတယ်။ ပန်းနှစ်သက်တဲ့ မြန်မာပြည်သူပြည်သားတွေအတွက်နဲ့ ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်သူများအတွက် မြတ်စွာဘုရားအား ပန်းများ ဆက်ကပ်ပူဇော်နိုင်ဖို့ ပန်းတွေကို အချိန်မီ ရရှိအောင် ကြိုးစားသွားပါမယ်”ဟု Shoumeng လယ်ယာလုပ်ငန်းကုမ္ပဏီ၏ တာဝန်ရှိသူတစ်ဦးကပြောသည်။

မြန်မာနိုင်ငံသည် ဗုဒ္ဓဘာသာယုံကြည်ကိုးကွယ်သောနိုင်ငံတစ်နိုင်ငံဖြစ်ပြီး ပြည်သူပြည်သားများသည် လတ်ဆတ်သောပန်းများဖြင့် ဆက်ကပ် ပူဇော်လေ့ရှိကြသည်။ လွန်ခဲ့သောနှစ်များတွင် မြန်မာနိုင်ငံ၏ လမ်းကြီးလမ်းငယ်များတွင် ရောင်းချသော ပန်းများသည် များသောအားဖြင့် တရုတ်နိုင်ငံ ကူမင်းမြို့ တုန်နန်ပန်းစျေးမှ တင်ပို့ခြင်းဖြစ်သည်။ ကိုဗစ်-၁၉ ကပ်ရောဂါနှင့် မြန်မာပြည်တွင်းနိုင်ငံရေးအခြေအနေကြောင့် ယခုအချိန်တွင် ပန်းများရရှိရန်ခက်ခဲပါသည်။
(သတင်းအရင်းအမြစ်၊ ရွှေဇာမဏီသတင်းစာတိုက်)