တရုတ်-လာအိုရထားလမ်း ပထမတစ်စီး နိုင်ငံတကာကုန်တင်ရထားသည် လာအိုနိုင်ငံ ဗီယင်ကျန်းမြို့သို့ ရောက်ရှိ

CRI, December 5, 2021
Size:

ဒေသစံတော်ချိန် ဒီဇင်ဘာလ ၄ ရက် နေ့ည ၂၃ နာရီ ၁၁ မိနစ်က ကူမင်းဘူတာမှ စတင်ပြေးဆွဲသည့် တရုတ်-လာအိုရထားလမ်း ပထမတစ်စီး နိုင်ငံတကာကုန်တင်ရထား အမှတ် ၂၁၀၅၁ သည် လာအိုနိုင်ငံဗီယင်ကျန်းမြို့တော်သို့ ရောက်ရှိခဲ့သည်။ ဒီဇင်ဘာလ ၃ ရက်နေ့က ဗီယင်ကျန်းဘူတာမှ စတင်ပြေးဆွဲသည့် နိုင်ငံတကာကုန်တင်ရထား အမှတ် ၂၁၀၅၂ သည် ၄ ရက်နေ့ ၁၃ နာရီ ၁ မိနစ်က တရုတ် နယ်စပ်စခန်း မိုဟန်ဘူတာသို့ ရောက်ရှိခဲ့ကြောင်း၊ ယင်းသည် တရုတ်-လာအိုရထားလမ်းက နိုင်ငံဖြတ်ကျော် သယ်ယူပို့ဆောင်ရေးကို အကောင်အထည်ဖော်ဆောင်ခဲ့သည်ကို ဖော်ပြနေကြောင်း China Media Group မှ သတင်းအရ သိရပါသည်။