တရုတ်-လာအို ရထားလမ်း ပထမဆုံး နိုင်ငံတကာ ကုန်တင်ရထားသည် ဒီဇင်ဘာလ ၃ ရက်နေ့က ကူမင်းဘူတာမှနေ စတင်ထွက်ခွာ

CRI, December 4, 2021
Size:

ဒီဇင်ဘာလ ၃ ရက်နေ့က တရုတ်-လာအို ရထားလမ်း စတင်လည်ပတ်ခဲ့ပါသည်။ ထိုနေ့ ညနေ ၅ နာရီက နိုင်ငံတကာကုန်ပစ္စည်းကို အပြည့်အဝတင်ဆောင်သောပထမဆုံးရထားသည် ကူမင်းဘူတာမှနေ စတင်ထွက်ခွာခဲ့ပြီး ယူရှီး၊ ဖူအယ်၊ ကျင်ဟုန်၊ မိုးဟန်မှတစ်ဆင့် လာအိုနိုင်ငံ ဗီယင်ကျန်းမြို့တော်သို့ နောက်ဆုံးရောက်ရှိခဲ့ပါသည်။ တရုတ်-လာအိုရထားလမ်းသည် “The Belt and Road” တည်ဆောက်ရေးကို ပေါင်းစပ်ပြီးဝန်ဆောင်မှုပေးကာ တရုတ်ပြည်နှင့် ဘေးပတ်ဝန်းကျင် နိုင်ငံများအကြား အပြန်အလှန် ဆက်သွယ်မှုကိုတွန်းအားပေးရန် အရေးကြီး အခြေခံအဆောက်အအုံဖြစ်ကြောင်း၊ ကူမင်းမြို့နှင့်ဗီယင်ကျန်းမြို့တော်အကြား ကုန်ပစ္စည်း ပို့ဆောင်ရေးအချိန်နှင့် စရိတ်ကို များစွာလျော့နည်းစေမည်ဖြစ်ကြောင်း China Media Group မှ သတင်းအရ သိရပါသည်။