၀မ်ယိသည် ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီး Bui Thanh Son နှင့် တွေ့ဆုံဆွေးနွေး

CRI, December 3, 2021
Size:

ဒီဇင်ဘာလ ၂ ရက်နေ့က တရုတ်နိုင်ငံတော်ကောင်စီဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် တရုတ်ပြည် ကျဲ့ကျန်းပြည်နယ် အမ်ကျီမြို့၌ ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီး Bui Thanh Son နှင့် တွေ့ဆုံဆွေးနွေးပွဲကို ကျင်းပခဲ့ပါသည်။

ဝမ်ယိက ယခုနှစ်သည် တရုတ် ဗီယက်နမ် နှစ်နိုင်ငံတို့နှင့် နှစ်ဖက်ဆက်ဆံရေးအတွက် အရေးပါသော နှစ်ဖြစ်ကြောင်း၊ နှစ်ပါတီ၊ နှစ်နိုင်ငံ အမြင့်ဆုံးခေါင်းဆောင်များ၏ သဘောတူညီမှု လမ်းညွှန်ချက်ဖြင့် လက်တွဲပူးပေါင်းကာ တရုတ် ဗီယက်နမ် ဘက်စုံမဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေးကို ရေရှည် တည်တံ့ ခိုင်မြဲစွာ ဖွံ့ဖြိုးတိုးတက်မှုကို တွန်းအားပေးရန် မျှော်လင့်ကြောင်း ပြောကြားခဲ့ပါသည်။

Bui Thanh Son က ၁၉ ကြိမ်မြောက် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ ဆဋ္ဌမအကြိမ် မျက်နှာစုံညီ အစည်းအဝေးကို အောင်မြင်စွာ ကျင်းပခဲ့သည့်အတွက် ဂုဏ်ပြုကြောင်း၊ ရိုးသားရင်းနှီးသော ရဲဘော်နှင့် အိမ်နီးချင်းနိုင်ငံဖြစ်သည့် ဗီယက်နမ်နိုင်ငံအနေနှင့် တရုတ်နိုင်ငံ ပိုမိုဖွံ့ဖြိုးတိုးတက်ရန်နှင့် နိုင်ငံတကာ၌ ပိုမိုများပြားသော အခန်းကဏ္ဍတွင် ပါဝင်နိုင်ရန် စဉ်ဆက်မပြတ် အားပေးထောက်ခံမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု China Media Group မှ သတင်းအရ သိရပါသည်။