ရှီကျင့်ဖိန်နှင့် လာအိုပြည်သူ့တော်လှန်ရေးပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး၊ နိုင်ငံတော်ဥက္ကဋ္ဌထွန်လွန်တို့သည်၊ တရုတ်-လာအို ရထားလမ်း စတင်ပြေးဆွဲခြင်း အခမ်းအနားသို့ အတူ တက်ရောက်

CRI, December 3, 2021
Size:

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီအထွေထွေအတွင်းရေးမှူး၊ နိုင်ငံတော်ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ဒီဇင်ဘာလ ၃ ရက်နေ့ ညနေပိုင်းက ပီကင်းတွင် လာအို ပြည်သူ့တော်လှန်ရေးပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး၊ လာအိုနိုင်ငံတော်ဥက္ကဋ္ဌ ထွန်လွန်နှင့် ဗီဒီယိုအသွင်ပုံစံဖြင့် တရုတ်-လာအို ရထားလမ်း စတင်ပြေးဆွဲခြင်း အခမ်းအနားကို အတူတက်ရောက်ခဲ့ကြသည်။

လာအိုနိုင်ငံ ဒု ဝန်ကြီးချုပ် စွန်ဆိုင်နှင့် တရုတ်အမျိုးသား ရထားလမ်းအုပ်စု တာဝန်ခံတို့သည်၊ ရထားစတင်ပြေဆွဲခြင်းပြင်ဆင်ရေးအကြောင်းများကို နှစ်နိုင်ငံခေါင်းဆောင်အား အသီးသီးအကြောင်းကြားခဲ့သည်။

နှစ်နိုင်ငံခေါင်းဆောင်တို့သည် အသီးသီးမိန့်ခွန်းပြောကြားခဲ့ကြသည်။

ရှီကျင့်ဖိန်သည် တရုတ်ကွန်မြူနစ်ပါတီ၊ တရုတ်အစိုးရနင့် တရုတ်ပြည်သူများကိုယ်စား တရုတ်-လာအို ရထားလမ်း စတင်ပြေးဆွဲခြင်းအပေါ် လှိုက်လှဲစွာ ဂုဏ်ပြုပါကြောင်းနှင့် နှစ်နိုင်ငံမှ တည်ဆောက်သူများအပေါ်  မြင့်မားစွာ အလေးပြုပါကြောင်း ဖော်ပြခဲ့သည်။

ရှီကျင့်ဖိန်က တရုတ်-လာအို ရထားလမ်းသည် နှစ်နိုင်ငံ အကျိုးတူ ပူးပေါင်းဆောင်ရွက်မှု၏ အလံတင် အစီအစဉ်တစ်ခုဖြစ်ကြောင်း၊ ရထားလမ်း စတင်ပြေးဆွဲသည်နှင့် ကူမင်းမှ ဗီယင်ကျန်းသို့ လမ်းခရီး ရှည်လျားခြင်းမရှိတော့ကြောင်း ပြောကြားခဲ့ပါသည်။

ရှီကျင့်ဖိန်က တရုတ်-လာအို ရထားလမ်းသည် "Belt and Road" အရည်အသွေး မြင့်စွာ ပူးတွဲတည်ဆောက်မှုအတွက် အထင်ကရ အစီအစဉ်ဖြစ်ကြောင်း၊ တရုတ်ပြည်အနေနှင့်၊ လာအိုအပါအဝင် “Belt and Road” တစ်လျှောက်နိုင်ငံများနှင့်အတူ ပိုမိုရင်းနှီးသော မိတ်ဖက်ဆက်ဆံရေးကို အရှိန်မြှင့် တည်ဆောက်သွားလိုကြောင်း ပြောကြားခဲ့ပါသည်။

ထွန်လွန်က တရုတ်နိုင်ငံမှ အင်တိုက်အားတိုက် ပံ့ပိုးကူညီမှုကြောင့် လာအိုသည် ခေတ်မီ ရထားလမ်း ရှိလာပြီဖြစ်ကြောင်း၊ လာအို-တရုတ် ရထားလမ်းသည် လာအိုနိုင်ငံက “ကုန်းတွင်းပိတ်နိုင်ငံ” မှ “ကုန်းလမ်းဆက်စပ်နိုင်ငံ”သို့ပြောင်းလဲစေရေး မဟာဗျူဟာနှင့် “Belt and Road” အဆိုပြုချက် အကြား နက်ရှိုင်းစွာ ချိတ်ဆက်ရေးအတွက် နှောင်ကြိုးဖြစ်ကာ၊ လာအိုစီးပွားရေးနှင့် လူမှုဖွံ့ဖြိုးရေးအား များစွာ တိုးမြှင့်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု သတင်းအရသိရသည်။