တရုတ်-လာအို မီးရထားလမ်း ဒီဇင်ဘာလ ၃ ရက်နေ့တွင် စတင် လည်ပတ်ပြီ

CRI, December 3, 2021
Size:

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ် ကူမင်းမြို့နှင့် လာအိုနိုင်ငံ မြို့တော် ဗီယင်ကျန်းတို့ကို ဆက်သွယ်ပေးသည့် ၁၀၃၅ ကီလိုမီတာ ရှည်လျားသည့် တရုတ်-လာအို မီးရထားလမ်းသည် ဒီဇင်ဘာလ ၃ ရက်နေ့တွင် စတင် လည်ပတ်ပြီ ဖြစ်သည်။ တရုတ်-လာအို မီးရထားလမ်းသည် တရုတ်နိုင်ငံ၏ ရထားလမ်းကွန်ရက်နှင့် တိုက်ရိုက်ချိတ်ဆက်ထားသည့် နိုင်ငံတကာ ရထားလမ်းတစ်ခုဖြစ်သည်။ ယခင်က ရထားလမ်း ၃.၅ ကီလိုမီတာသာရှိခဲ့သော လာအိုနိုင်ငံသည် မီးရထားပို့ဆောင်ရေးခေတ်သို့ ရောက်ရှိပြီဖြစ်သည်။

တရုတ်-လာအို မီးရထားလမ်းသည်  Belt and Road တည်ဆောက်ရေး၏ အမှတ်အသား လုပ်ငန်းတစ်ခု ဖြစ်ပါသည်။