တရုတ်နိုင်ငံ သမ္မတ ရှီ နှင့် လာအိုနိုင်ငံ သမ္မတ သောင်လွန်းတို့ တရုတ်-လာအို ရထားလမ်း ဖွင့်ပွဲအခမ်းအနားအား ရုပ်သံလင့်ခ်မှတစ်ဆင့် တက်ရောက်မည်

Yunnan Gateway, December 2, 2021
Size:

တရုတ်နိုင်ငံ ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးနှင့် သမ္မတ ရှီကျင့်ဖိန်သည် လာအိုနိုင်ငံ ပြည်သူ့တော်လှန်ရေးပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးနှင့် သမ္မတ သောင်လွန်းစီဆိုလစ်သ် (Thongloun Sisoulith) နှင့်အတူ ဒီဇင်ဘာ ၃ ရက်တွင် ရုပ်သံလင့်ခ်မှတစ်ဆင့် တွေ့ဆုံမည် ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဟွာချွမ်းရင်က ဒီဇင်ဘာ ၁ ရက်တွင် ပြောကြားခဲ့သည်။နှစ်နိုင်ငံ သမ္မတများဖြစ်ကြသည့် ရှီကျင့်ဖိန်နှင့် သောင်းလွန်းတို့သည် တရုတ်-လာအို ရထားလမ်းဖွင့်ပွဲ virtual အခမ်းအနားကို တက်ရောက်ကြမည် ဖြစ်ကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)