တရုတ်နှင့် လာအိုနှစ်နိုင်ငံ ထိပ်သီးခေါင်းဆောင်များက တရုတ်-လာအို ရထားလမ်း စတင် ပြေးဆွဲခြင်းကို အတူကြည့်ရှုခြင်းသည် ပျော်ရွှင်စရာကောင်းသော ကိစ္စရပ်ကြီး တစ်ခု ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနဆို

CRI, December 2, 2021
Size:

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီအထွေထွေအတွင်းရေးမှူး၊ နိုင်ငံတော်ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ဒီဇင်ဘာ ၃ ရက်နေ့တွင် လာအို ပြည်သူ့တော်လှန်ရေးပါတီ ဗဟိုကော်မတီအထွေထွေအတွင်းရေးမှူး၊ နိုင်ငံတော်ဥက္ကဋ္ဌထွန်လွန်နှင့် ဗီဒီယိုပုံစံဖြင့် ဆွေးနွေးပွဲကိုကျင်းပပြီး တရုတ်-လာအိုရထားလမ်း စတင်ပြေးဆွဲခြင်းကို အတူ ကြည့်ရှုမည်ဖြစ်ပါသည်။ ယင်းနှင့်ပတ်သက်ပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူဝမ်ဝင်ပင်က တရုတ်နှင့် လာအိုနှစ်ပါတီနှင့် နှစ်နိုင်ငံထိပ်သီးခေါင်းဆောင်များသည် တရုတ်-လာအိုရထားလမ်းစတင်ပြေးဆွဲခြင်းကို အတူကြည့်ရှုခြင်းသည် နှစ်ဦးနှစ်ဖက် ဆက်ဆံရေးအတွက် သမိုင်းဝင်အဓိပ္ပာယ်ရှိသော ပျော်ရွှင်စရာ ကောင်းသော ကိစ္စရပ်ကြီးတစ်ခုဖြစ်ပါကြောင်း၊ တရုတ်-လာအိုရထားလမ်းသည် လာအိုနိုင်ငံကို ကုန်းတွင်းပိတ်နိုင်ငံတစ်နိုင်ငံကနေ ကုန်းမြေဆက်စပ်နိုင်ငံအဖြစ် ပြောင်းလဲသော မဟာဗျူဟာကို အကောင်အထည်ဖော်ဆောင်ရန် အထောက်အကူပြုပြီး တရုတ်-လာအို ကံကြမ္မာတူအသိုက်အဝန်း တည်ဆောက်ရေးကို လျှင်မြန်စွာ တွန်းအားပေးကာ နှစ်နိုင်ငံနှင့် နှစ်နိုင်ငံပြည်သူများကို အကျိုးပြုရန် ယုံကြည်ကြောင်း၊ တစ်ချိန်တည်းတွင် ယင်းရထားလမ်းသည် ဒေသတွင်းအပြန်အလှန် ဆက်သွယ်ရေးနှင့် လုပ်ငန်း ကွင်းဆက် တည်ငြိမ်ရေးအတွက်လည်း အကျိုးပြုစေပြီး ဒေသတွင်းဖွံ့ဖြိုးတိုးတက်ရေးနှင့် သာယာဝပြောရေးအတွက် အပြုသဘောဆောင်သော အခန်းကဏ္ဍတွင် ပါဝင်စေကြောင်း ဒီဇင်ဘာလ ၁ ရက်နေ့တွင် ပြောကြားခဲ့ပါသည်ဟု China Media Group မှ သတင်းအရ သိရပါသည်။