ဒီဇင်ဘာလ ၃ ရက်နေ့တွင် တရုတ်-လာအိုရထားလမ်း စတင်ပြေးဆွဲမည်ဖြစ်ပြီး နှစ်နိုင်ငံချစ်ကြည်ရေးကို ဆက်လက် တိုးမြှင့်မည်

CRI, December 2, 2021
Size:

ဒီဇင်ဘာလ ၃ ရက်နေ့တွင် ၅ နှစ်ကြာ တည်ဆောက်ခဲ့သော တရုတ်-လာအို ရထားလမ်း စတင်ပြေးဆွဲမည် ဖြစ်ပါသည်။ တရုတ်နိုင်ငံတော်ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ၂၀၁၇ ခုနှစ်တုန်းက လာအိုနိုင်ငံသို့ အလည်အပတ်သွားရောက်ရာတွင် တရုတ်-လာအို ရထားလမ်းသည် အာရှဖြတ်ကျော် မီးရထားလမ်းကွန်ရက်၏ အရေးကြီးသော အစိတ်အပိုင်း ဖြစ်ပြီး လာအိုနိုင်ငံအတွက် အရေးပါသော မဟာဗျူဟာနှင့် လက်တွေ့ကျသော အကျိုးရှိမှု ရှိကြောင်း၊ နှစ်ဦးနှစ်ဖက်တို့သည် ပေါင်းစပ်ညှိနှိုင်းပြီး ယင်းရထားလမ်းကို လျှင်မြန်စွာ ပြေးဆွဲရန် ဆောင်ရွက်ခြင်းဖြင့် လာအိုနိုင်ငံကို အိမ်နီးချင်းနိုင်ငံများသာမက တစ်ကမ္ဘာလုံးနှင့် အပြန်အလှန် ဆက်သွယ်စေမည်ဖြစ်ကြောင်း ပြောကြားခဲ့ဖူးပါသည်။

တရုတ်-လာအိုရထားလမ်းပြေးဆွဲခြင်းသည် လာအိုနိုင်ငံ၏ စီးပွားရေးနှင့် လူမှုရေး တိုးတက်မှုကို လွန်စွာ တွန်းအားပေးနိုင်မည်ဖြစ်ပါသည်။ ကမ္ဘာ့ဘဏ်၏ သက်ဆိုင်ရာအစီရင်ခံစာမှ ခန့်မှန်းချက်အရ တရုတ်-လာအိုရထားလမ်းသည် လာအိုနိုင်ငံ၏ စုစုပေါင်း ဝင်ငွေပမာဏ ၂၁ ရာခိုင်နှုန်း တိုးများစေမည်ဖြစ်သည့်အပြင် လာအိုနိုင်ငံအနေဖြင့် ရင်းနှီးမြှုပ်နှံသူများကို ဆွဲဆောင်မှု တိုးမြှင့်စေမည်ဖြစ်ပါသည်။ တရုတ်-လာအို ကံကြမ္မာတူ အသိုက်အဝန်းတည်ဆောက်ရေးသည် ယင်းရထားလမ်းကြောင့် အဆင့်သစ်သို့ တက်လှမ်း လာနိုင်မည်ဖြစ်ကြောင်း China Media Group မှ သတင်းအရ သိရပါသည်။