တရုတ်-မြန်မာ ဝမ်တိန်နယ်စပ်ဂိတ် မံမန်လမ်းကြောင်း၌ ပို့ကုန်သွင်းကုန်ပစ္စည်းများ ပြန်လည်ဖြတ်သန်းနိုင်ပြီ

CRI, November 27, 2021
Size:

နိုဝင်ဘာလ ၂၆ ရက်နေ့က တရုတ်-မြန်မာ ဝမ်တိန်နယ်စပ်ဂိတ် မံမန်လမ်းကြောင်း၌ ပို့ကုန်သွင်းကုန်ပစ္စည်းများ တရားဝင် ပြန်လည်ဖြတ်သန်းနိုင်ပြီဖြစ်ရာ ယူနန်ပြည်နယ် ရွှေလီမြို့တွင် ဇူလိုင်လက ကပ်ရောဂါကြောင့်ရပ်ဆိုင်းထားသော တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေး တရားဝင်ပြန်လည်စတင်နေပြီ။ ယခုအကြိမ် နယ်စပ်ကုန်သွယ်ရေး ပြန်လည်ဆောင်ရွက်ရာမှာ မူလက မော်တော်ကားဖြင့် သယ်ယူပို့ဆောင်ရေးမှနေ ကွန်တိန်နာ၊ ဝန်ချီ၍ သယ်ယူပို့ဆောင်ခြင်း စသည့် မထိတွေ့သည့်ပုံစံ သယ်ယူပို့ဆောင်ခြင်းနည်းလမ်းဖြင့် လူအကြားထိတွေ့မှုကို တတ်နိုင်သမျှ နည်းစေပြီး နယ်စပ်ဂိတ်ဒေသ ကပ်ရောဂါပြန့်ပွားမှုအန္တရာယ်ကို ထိရောက်စွာ လျှော့ပေါ့စေကြောင်း သတင်းအရ သိရပါသည်။