တရုတ်ယူနန်-မြန်မာ ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ရေးလုပ်ငန်း ဗီဒီယို ဖလှယ်ပွဲကို ကူမင်းတွင် ကျင်းပ

Yunnan Gateway, November 26, 2021
Size:

တရုတ်-မြန်မာနယ်စပ်ရှိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ပူးပေါင်းဆောင်ရွက်ရေးကို ပိုမိုမြှင့်တင်ရန်နှင့် နယ်စပ်ဒေသ ကပ်ရောဂါ ကာကွယ်ထိန်းချုပ်မှုကို ထိရောက်စွာ ဆောင်ရွက်နိုင်ရန် ယူနန်ပြည်နယ် နိုင်ငံခြားရေးရာရုံးသည် နိုဝင်ဘာလ ၂၃ ရက်နေ့က ကူမင်းမြို့တွင် တရုတ်ယူနန်-မြန်မာ ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ရေးလုပ်ငန်း ဗီဒီယိုဖလှယ်ပွဲကို ကျင်းပခဲ့ကြောင်း သိရပါသည်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၊ ယူနန်ပြည်နယ် နိုင်ငံခြားရေးရာရုံး၊ ယူနန် နယ်စပ် အထွေထွေစစ်ဆေးရေးစခန်း၊ တယ်ဟုန် တိုင်တိုင်းရင်းသား ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲ၊ မြန်မာနိုင်ငံပြည်ထောင်စုဝန်ကြီးဌာနများ၊ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်မှ သက်ဆိုင်ရာ တာဝန်ခံများသည် တရုတ်-မြန်မာ နယ်စပ်ဒေသတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ပူးပေါင်းဆောင်ရွက်မှု၊ နယ်စပ်ဂိတ်ပြန်လည်စတင်မှု၊ နယ်စပ်ဖြတ်ကျော် ပြည်သူများ စီမံခန့်ခွဲမှုစသော ကိစ္စများကို နက်ရှိုင်းစွာ ဖလှယ်ကြသည်။

တရုတ်-မြန်မာနယ်စပ်တွင် ကပ်ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းကို ပိုမို နက်ရှိုင်းစွာ ပူးပေါင်းဆောင်ရွက်ရန် မြန်မာနိုင်ငံနှင့် ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားရန် တရုတ်နိုင်ငံက ဆန္ဒရှိကြောင်း၊ နယ်စပ်ဖြတ်ကျော် ကူးစက်ပြန့်ပွားမှုကို တင်းကြပ်စွာ ကာကွယ်တားဆီးနေကြောင်း၊ နှစ်နိုင်ငံပြည်သူများ၏ ကျန်းမာရေးနှင့် ဘေးကင်းလုံခြုံရေးကို ကာကွယ်စောင့်ရှောက်နေကြောင်း၊ ယူနန်ပြည်နယ်သည် မြန်မာနိုင်ငံနှင့် လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုများကို ဆောင်ရွက်ရန် ကူညီအားပေး၍ နှစ်နိုင်ငံ၏ စီပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှင့် ပြည်သူတို့၏ စားဝတ်နေရေး မြှင့်တင်မှုကို တွန်းအားပေးကြောင်း၊ နယ်စပ်ဖြတ်ကျော် ပြည်သူများစီမံခန့်ခွဲမှု၊ ကုန်စည်သယ်ယူပို့ဆောင်ရေးစီမံခန့်ခွဲမှုတွင် မြန်မာနိုင်ငံသည် တရုတ်နိုင်ငံနှင့် ဆက်လက်တက်ကြွစွာ ပံ့ပိုးကူညီ ပူးပေါင်းဆောင်ရွက်နေကြောင်း၊ တရားမဝင် ခိုးဝင်မှု တားဆီးနှိမ်နင်းရေးလုပ်ငန်းများကို အရှိန်မြှင့် ဆောင်ရွက်လျက်ရှိပြီး နေရပ်ပြန်သော တရုတ်နိုင်ငံသားများအတွက် လိုအပ်သော အကူအညီများပေးလျက်ရှိကြောင်း တရုတ်ဘက်က ပြောကြားပါသည်။

မြန်မာ-တရုတ် နယ်စပ်တွင် ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေး ပူးပေါင်းဆောင်ရွက်မှုနှင့် နယ်စပ်ဂိတ်များ ပြန်လည်စတင်ရန် မြန်မာနိုင်ငံသည် အလေးထားဆောင်ရွက်ကြောင်း၊ မြန်မာဘက်က ယူနန်ပြည်နယ်နှင့် ဆက်သွယ်မှု ပိုမိုအားကောင်းပြီး တရုတ်အကူအညီဖြင့် တည်ဆောက်ထားသော မူဆယ် ၁၀၅ မိုင် ရှိ ကိုဗစ်-၁၉ ဆေးဘက်ဆိုင်ရာ ကုသရေးစင်တာကို ကောင်းစွာအသုံးပြုနေကြောင်း၊ ကူးစက်ရောဂါ သတင်းအချက်အလက်များ မျှဝေခြင်းနှင့် နယ်စပ်ထိန်းချုပ်မှုကို အားကောင်းစေကြောင်း၊ တရားမဝင် ခိုးဝင်မှု တားဆီးနှိမ်နင်းရေးလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်ကြောင်း၊ ကပ်ရောဂါ ပြန့်ပွားမှုအန္တရာယ်ကို လျှော့ချရန် အစွမ်းကုန်ကြိုးစား၍ မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်မှု စေလျင်စွာ ပြန်လည်ထူထောင်ရေးအတွက် အပြုသဘောဆောင်သော အခြေအနေများ ဖန်တီးလျက်ရှိကြောင်း မြန်မာဘက်က ပြောကြားသည်။