တရုတ်နိုင်ငံက လာအိုနိုင်ငံ၏ မဟာဗျူဟာ အိပ်မက်ကို အကောင်အထည်ဖော်ဆောင်ရန် ကူညီပေးသည်ဟု လာအိုနိုင်ငံ အများပြည်သူ ဆောက်လုပ်ရေးနှင့် ပို့ဆောင်ရေးဝန်ကြီးဆို

CRI, November 26, 2021
Size:

“Belt and Road” အထင်ကရ ပရောဂျက်ဖြစ်သော တရုတ်-လာအို ရထားလမ်းသည် မကြာသေးမီက တရားဝင် စတင်ပြေဆွဲမည်ဖြစ်ပါသည်။ လာအိုနိုင်ငံ အများပြည်သူ ဆောက်လုပ်ရေးနှင့် ပို့ဆောင်ရေးဝန်ကြီးဌာန ဝန်ကြီး ဗန်ရှာဝါ စီပန်ထွန်သည် China Media Group မှ သတင်းထောက်၏ အင်တာဗျူးကို လက်ခံဖြေကြားရာတွင် တရုတ်နှင့်လာအို ရထားလမ်းသည် လာအိုနိုင်ငံကို ကုန်းတွင်းပိတ်နိုင်ငံတစ်နိုင်ငံကနေ ကုန်းမြေဆက်စပ်နိုင်ငံအဖြစ် ပြောင်းလဲသော မဟာဗျူဟာ အိပ်မက်ကို အကောင်အထည်ဖော်ဆောင်ရန် အထောက်အကူပြုကြောင်း၊ လာအိုနိုင်ငံအား ဖွံ့ဖြိုးတိုးတက်မှုခေတ်သစ်သို့ ဝင်ရောက်ရန် တွန်းအားပေးခြင်းအတွက် သမိုင်းဝင် အဓိပ္ပာယ်ပါရှိကြောင်း၊ လာအိုနိုင်ငံအား ဆင်းရဲမှုပပျောက်ရေးရည်မှန်းချက်ကို သတ်မှတ်သည့်အချိန်အတိုင်း အကောင်အထည်ဖော်ဆောင်ရန်အတွက် အပြုသဘောဆောင်သော အခန်းကဏ္ဍတွင် ပါဝင်မည်ဖြစ်ကြောင်း ပြောဆိုခဲ့ပါသည်။