တရုတ်-လာအို ရထားလမ်း စတင်ပြေးဆွဲခြင်းသည် ပိုမိုများပြားသော တရုတ်ခရီးသည်များကို ဆွဲဆောင်နိုင်မည်ဟု လာအိုနိုင်ငံ သတင်းပြန်ကြားရေး၊ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေး ဝန်ကြီးဌာန ဒုဝန်ကြီးဆို

CRI, November 26, 2021
Size:

“Belt and Road” အထင်ကရ ပရောဂျက်ဖြစ်သော တရုတ်-လာအို ရထားလမ်းသည် မကြာသေးမီက တရားဝင် စတင်ပြေဆွဲမည်ဖြစ်ပါသည်။ လာအိုနိုင်ငံ သတင်းပြန်ကြားရေး၊ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဝင်ထွန် ကောင်ပန်သည် China Media Group မှ သတင်းထောက်၏ အင်တာဗျူးကို လက်ခံဖြေကြားရာတွင် တရုတ်-လာအို ရထားလမ်း စတင်ပြေဆွဲခြင်းသည် နှစ်နိုင်ငံ၏ လမ်းပန်းဆက်သွယ်ရေးကို များစွာ လွယ်ကူချောမွေ့စေမည် ဖြစ်ကြောင်း၊ တရုတ်နိုင်ငံခရီးသည်များကို ပိုမိုဆွဲဆောင်နိုင်စေမည့်အပြင် ဒေသခံ လူမှုရေးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကိုလည်း မြှင့်တင်ပေးနိုင်မည်ဖြစ်ကြောင်း ပြောဆိုခဲ့ပါသည်။