တရုတ်မြန်မာ မီးရထားလမ်း ဖေါက်လုပ်ရေး ကူမင်း-ကျောက်ဖြူ စီမံကိန်းဟာ မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ဖေါက်လုပ်သင့်ပြီး နှစ်နိုင်ငံ အကျိုးရှိမည့် လုပ်ငန်းတစ်ရပ်ဖြစ်

CRI, November 24, 2021
Size:

မကြာမီက Belt and Road တစ်လျှောက် အထင်ကရ အစီအစဉ်အဖြစ် တရုတ်-လာအိုမီးရထားလမ်း လာအိုပိုင်းသည် ခရီးသည်တင်ရန် ဝန်ဆောင်မှု အချက်အလက်စနစ်ကို ထိန်းညှိစမ်းသပ်ပြီ ဖြစ်ပြီး တရုတ်-လာအိုမီးရထားလမ်း တရားဝင် ပြေးဆွဲတော့မှာဖြစ်ကြောင်း China Media Group မှ သတင်းအရ သိရပါသည်။ ၎င်းနှင့်ပတ်သက်ပြီး ယခုလ ၂၄ ရက်နေ့က မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီဝင်၊ အထက်မြန်မာနိုင်ငံသတင်းစာဆရာများအသင်း ဥက္ကဌ ဆရာဦးဌေးအောင်သည် CMG သတင်းထောက်ရဲ့ မေးမြန်းချက်များကို ဖြေကြားခဲ့ရာ တရုတ်မြန်မာ မီးရထားလမ်း ဖေါက်လုပ်ရေး ကူမင်း-ကျောက်ဖြူ စီမံကိန်းဟာ မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ဖေါက်လုပ်သင့်ပြီး နှစ်နိုင်ငံ အကျိုးရှိမည့် လုပ်ငန်းတစ်ရပ် ဖြစ်ကြောင်း၊ ယနေ့ ကမ္ဘာကြီးဟာ ရွာကြီးတစ်ရွာဖြစ်လို့ ကျွန်တော်တို့ဟာ နိုင်ငံ ဖွံဖြိုးတိုးတက်ဘို့အတွက် လုပ်သင့်တာတွေလုပ်ရပါမယ်။ မြန်မာပြည်အလယ်ပိုင်းလည်း မီးရထားလမ်းကြောင့် ဖွံဖြိုးတိုးတက်ဘို့ အလားအလာကောင်းတွေရှိပါတယ်။ One Belt One Road စီမံကိန်းသည် မြန်မာပြည်ရဲ့ ကုန်သွယ်မှု ပိုမိုဖွံ့ဖြိုးစေပြီး ရခိုင်ပြည်နယ်၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး ၊ ရှမ်းပြည်နယ်စတဲ့ ရထားလမ်းတစ်လျှောက် စီးပွားရေး ပိုမိုဖွံ့ဖြိုးလာမှာဖြစ်ကြောင်း၊ တရုတ်-မြန်မာ ရထားလမ်းသည် တရုတ်-မြန်မာအေးအတူ ပူအမျှသော ကံကြမ္မာတူ အသိုင်းအဝိုင်းကိုလက်တွဲ တည်ထောင်ရန် အရေးကြီးသောသင်္ကေတတစ်ရပ် ဖြစ်လာမည်လို့ ပြောကြားခဲ့ကြောင်း သိရပါသည်။