မိတ်ဖက်သည် ဝမ်းမြောက်ဂုဏ်ပြုဖွယ်ကိစ္စ ရှိလျှင် အတူ ဂုဏ်ပြုတတ်ကြသလို အခက်အခဲ ကြုံတွေ့လျှင် အပြန်အလှန် ကူညီပံ့ပိုးတတ်

CRI, November 23, 2021
Size:

ယခုလ ၂၂ ရက်နေ့က တရုတ်နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်က ဗီဒီယိုပုံစံဖြင့် တရုတ်-အာဆီယံ ဆွေးနွေးဖက်ဆက်ဆံမှု ထားရှိသည့် နှစ် ၃၀ ပြည့်မြောက်ခြင်း အထိမ်းအမှတ် ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ရာတွင် “တရုတ်-အာဆီယံ ဘက်စုံ မဟာဗျူဟာ ဆက်ဆံမှု ထားရှိသည်”ဟု တရားဝင် ကြေညာခဲ့ကြောင်း၊ ယင်းသည် နှစ်ပေါင်း ၃၀ ကြာ ရှိသော တရုတ်-အာဆီယံ ပူးပေါင်းဆောင်ရွက်မှုအတွက် မှတ်တိုင်သစ်တစ်ခု ဖြစ်ကြောင်း၊ တရုတ်နှင့် အာဆီယံ အဖွဲ့ဝင် ၁၀ နိုင်ငံတွင် ပြည်သူ ၂ ဘီလီယံကျော်သည် ပိုမိုကောင်းမွန်သော နေထိုင်မှုရရှိမည် ဖြစ်ကြောင်း China Media Group က ဖော်ပြသည်။

ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် အနာဂတ် တရုတ်-အာဆီယံ ဆက်ဆံမှုနှင့် ပတ်သက်၍ အကြုံပြုချက် ၅ ချက်ကို တင်ပြခဲ့ကြောင်း၊ ၎င်းက ငြိမ်းချမ်းသော ဇာတိရပ်ရွာ၊ တည်ငြိမ်သော ဇာတိရပ်ရွာ၊ စည်ပင်သာယာသော ဇာတိရပ်ရွာ၊ သာယာလှပသော ဇာတိရပ်ရွာနှင့် ချစ်ခင်ရင်းနှီးသော ဇာတိရပ်ရွာကို အတူ တည်ဆောက်ရန် ပန်ကြားပြီး ငြိမ်းချမ်းရေး၊ လုံခြုံရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ မြစိမ်းရောင် ယဉ်ကျေးမှုနှင့် ယဉ်ကျေးမှု ကူးလူးဖလှယ်ရေး စသည့် ရှုထောင့်များမှနေ တရုတ်-အာဆီယံ ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းစေရန် ကြံဆချက်နှင့် ဆောင်ရွက်မှု နည်းလမ်းများကို ဘက်စုံ ရှင်းလင်းပြောကြားကြောင်း၊ ယင်းသည် အာဆီယံကို တရုတ်ပြည်၏ ဘေးပတ်ဝန်းကျင် သံတမန်ရေးတွင် ဦးစားပေးချက်အဖြစ် ထားခြင်းအား တရုတ်ပြည် ဦးလည်မသုန် စွဲကိုင်ခြင်းကို ဖော်ပြသည့်အပြင်၊ အာဆီယံ၏ အိမ်နီးချင်းကောင်း၊ မိတ်ဆွေကောင်း၊ မိတ်ဖက်ကောင်း ထာဝစဉ် ဖြစ်ရန် တရုတ်ပြည်၏ ရိုးသားဖြူစင်သော လိုအင်ဆန္ဒကိုလည်း ဖော်ပြနေကြောင်း China Media Group က ဖော်ပြသည်။

လက်ရှိအချိန်တွင် ပြင်ပမှ နိုင်ငံအချို့သည် ဒေသတွင်း ရေးရာများတွင် အဆက်မပြတ် ဝင်ရောက်စွက်ဖက်ပြီး ပဋိပက္ခနှင့် ရန်ဘက်ပြုခြင်းကို ဖန်တီးရန် ကြံစည်နေကြောင်း၊ တရုတ်နှင့် အာဆီယံ နိုင်ငံများအနေနှင့် ဒေသတွင်း အေးချမ်းတည်ငြိမ်ရေးကို အတူတကွ ထိန်းသိမ်းကာကွယ်ပြီး ပြင်ပ အင်အားစုများ၏ နိုင်ငံရေးကြံစည်မှုကို သတိထားရန်နှင့် ဆန့်ကျင်ရန် တာဝန်ဝတ္တရား ရှိကြောင်း China Media Group က ဖော်ပြသည်။

ကိုဗစ် ၁၉ ကပ်ရောဂါ တိုက်ဖျက်ရေးသည် လောလောဆယ် လုပ်ဆောင်အပ်သည့် ကိစ္စ ဖြစ်ကြောင်း၊ ယခုအကြိမ် ထိပ်သီး အစည်းအဝေးတွင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် အာဆီယံနိုင်ငံများအား ကာကွယ်ဆေး သန်း ၁၅၀ ကို ထပ်မံ အခမဲ့ လှူဒါန်းပေးမည် အပါအဝင် ဆောင်ရွက်ချက်သစ်များကို ကြေညာခဲ့ကြောင်း၊ ယင်းသည် အရှေ့တောင်အာရှနိုင်ငံများအား ကပ်ရောဂါကို အနိုင်တိုက်ဖျက်ရန်အတွက် ပိုမို အားကောင်းသော အားပေးထောက်ခံမှု ဖြစ်ကြောင်း China Media Group က ဖော်ပြသည်။

ဖွံ့ဖြိုးတိုးတက်ရေးကို အာရုံစူးစိုက်ခြင်းသည် တရုတ်နှင့် အာဆီယံ ပူးပေါင်းဆောင်ရွက်မှုအတွက် အရေးကြီးအတွေ့အကြုံတစ်ခု ဖြစ်ကြောင်း၊ ယခုအကြိမ် တရုတ်ပြည်က လာမည့် ၃ နှစ်အတွင်း အာဆီယံအား ကန်ဒေါ်လာ ၁့၅ ဘီလီယံ တန်ဖိုးရှိသော ဖွံ့ဖြိုးတိုးတက်ရေး ထောက်ပံ့မှုကို ထပ်မံ ပေးအပ်ပြီး လာမည့် ၅ နှစ်အတွင်း အာဆီယံမှ ကန်ဒေါ်လာ ဘီလီယံ ၁၅၀ တန်ဖိုးရှိသော လယ်ယာထွက်ကုန်ကို တင်သွင်းရန် ကြိုးပမ်းဆောင်ရွက်မည်ဟု ကြေညာကြောင်း၊ ယင်းဆောင်ရွက်ချက်များသည် နှစ်ဖက်တို့၏ ဘုံအကျိုးစီးပွား တိုးပွားစေခြင်းကို ထည့်သွင်းစဉ်းစားပြီး ပိုမိုနီးကပ်သော တရုတ်-အာဆီယံ ကံကြမ္မာတူ အသိုက်အဝန်း တည်ဆောက်ရေးကို တွန်းအားပေးမည် ဖြစ်ကြောင်း China Media Group က ဖော်ပြသည်။

ဆွေမျိုးလို အမြဲကူးလူးဆက်ဆံပြီး ချစ်ကြည်ရင်းနှီးမှုနှင့် ကတိသစ္စာအပေါ် အလေးထားကာ ဝမ်းမြောက်ဂုဏ်ပြုဖွယ်ကိစ္စ ရှိလျှင် အတူ ဂုဏ်ပြုတတ်ကြသလို အခက်အခဲ ကြုံတွေ့လျှင် အပြန်အလှန် ကူညီပံ့ပိုးတတ်ကြောင်း၊ ယင်းသည် တရုတ်-အာဆီယံ ဆက်ဆံမှုနှင့် ပတ်သက်၍ ဥက္ကဋ္ဌ ရှီကျင့်ဖိန်၏ ဖော်ပြချက် ဖြစ်ကြောင်း၊ တရုတ်နှင့် အာဆီယံတို့သည် အစပြုရာသစ်ကို မူတည်ပြီး အနှောင့်အယှက်များကို ဖယ်ရှားကာ ကောင်းမွန်သော နေထိုင်မှုအပေါ် ပြည်သူများ၏ တောင့်တမှုကို အလေးထား၍ ဘက်စုံ မဟာဗျူဟာ မိတ်ဖက်ဆက်ဆံမှုကို လက်တွေ့ဖော်ဆောင်ပြီး ပိုမို ကြီးမားသည့် ဖွံ့ဖြိုးတိုးတက်မှုနှင့် စည်ပင်ဝပြောမှုကို ဖန်တီးကြမည်မှာ မုချမလွဲဖြစ်ကြောင်း China Media Group က ဖော်ပြသည်။