မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးသည် တရုတ်-အာဆီယံ ဆွေးနွေးဖက် ဆက်ဆံမှု တည်ထောင်ခဲ့ခြင်း နှစ် ၃၀ ပြည့် အထိမ်းအမှတ် ထိပ်သီးအစည်းအဝေးအကြောင်း မြန်မာဘက်အား ရှင်းပြ

CRI, November 23, 2021
Size:

နိုဝင်ဘာလ ၂၂ ရက်နေ့က မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်သည် မြန်မာနိုင်ငံဆိုင်ရာတရုတ်သံအမတ်ကြီး ချန်ဟိုင်နှင့် တွေ့ဆုံနှုတ်ဆက်ခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ သတင်းအရ သိရပါသည်။

သံအမတ်ကြီး ချန်ဟိုင်က တရုတ်နိုင်ငံ ခေါင်းဆောင်များကိုယ်စား တရုတ်-အာဆီယံ ဆွေးနွေးဖက် ဆက်ဆံမှု တည်ထောင်ခဲ့ခြင်း နှစ် ၃၀ ပြည့် အထိမ်းအမှတ် ထိပ်သီးအစည်းအဝေးအကြောင်း ရှင်းပြခဲ့ပြီး တရုတ်ပြည်ဘက်သည် မြန်မာဘက် အပါအဝင် အာဆီယံ အဖွဲ့ဝင်နိုင်ငံများနှင့်အတူ ထိပ်သီးအစည်းအဝေး သဘောတူညီမှုများကို အကောင်အထည် ဖော်ဆောင်သဖြင့် တရုတ်-အာဆီယံဆက်ဆံမှု ပိုမို ကောင်းမွန်အောင် ဖွံ့ဖြိုးတိုးတက်ရန် တွန်းအားပေးလိုကြောင်း ပြောကြားခဲ့ပါသည်။

နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်က တရုတ်ဘက်က ရှင်းပြပေးခြင်းကို ကျေးဇူးတင်ပြီး တရုတ်-အာဆီယံ ဆွေးနွေးဖက်ဆက်ဆံမှု တည်ထောင်ခဲ့ခြင်း နှစ် ၃၀ ပြည့် အထိမ်းအမှတ် ထိပ်သီးအစည်းအဝေး အောင်မြင်စွာ ကျင်းပခြင်းသည် အရေးပါ၍ ၎င်းအပေါ် မြန်မာဘက်က ဝမ်းမြောက်ကြောင်း၊ အာဆီယံနှင့် တရုတ်တို့သည် ဘက်စုံ မဟာဗျူဟာ မိတ်ဖက်ဆက်ဆံမှု တည်ထောင်ရန် ကြေညာခဲ့ခြင်းသည် နှစ်ဖက်ဆက်ဆံမှု အဆင့်မြှင့်တင်ပြီး ဒေသတွင်း ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို တွန်းအားပေးမည်ဖြစ်ကြောင်း၊ မြန်မာဘက်သည် ယခုအကြိမ် ထိပ်သီး အစည်းအဝေးအတွက် တတ်နိုင်သမျှ ကြိုးပမ်းဆောင်ရွက်ခဲ့ပြီး အာဆီယံ- တရုတ် ဆက်ဆံမှု တစ်ဆင့်တိုး ဖွံ့ဖြိုးတိုးတက်ရန် ဆက်လက် ကြိုးပမ်းဆောင်ရွက်မည်ဖြစ်ကြောင်း ပြောကြားသည်။