တရုတ်-လာအိုရထားလမ်း လာအိုပိုင်း ခရီးသည်တင်ဘူတာ အားလုံးသည် ခရီးသည် တင်ရန် အဆင်သင့်ဖြစ်

CRI, November 22, 2021
Size:

နိုဝင်ဘာလ ၂၀ ရက်နေ့က “Belt and Road” တစ်လျှောက် အထင်ကရ အစီအစဉ်အဖြစ် တရုတ်-လာအို ရထားလမ်း လာအိုပိုင်းသည် ခရီးသည်တင်ရန် ဝန်ဆောင်မှု အချက်အလက်စနစ်ကို ထိန်းညှိစမ်းသပ်ပြီ ဖြစ်ကြောင်း၊ တရုတ်-လာအိုရထားလမ်း လာအိုပိုင်း ခရီးသည်တင်ဘူတာ ၁၀ ခုသည် ခရီးသည်တင်ရန် အဆင်သင့် ဖြစ်နေပြီး ဒီဇင်ဘာလတွင် ရထား တရားဝင်ပြေးဆွဲရန် အာမခံပေးကြောင်း၊ ယင်းရထားလိုင်းဖြင့် တစ်ရက်အတွင်း လာအို ဗီယင်ကျန်းမြို့မှ တရုတ် ကူမင်းမြို့သို့ ရောက်ရှိနိုင်မည်ဖြစ်ကြောင်း၊ အာဆီယံနိုင်ငံများအကြား ကူးလူးဖလှယ်ရေးအတွက် ပိုမိုအဆင်ပြေသော နိုင်ငံတကာလမ်းကြောင်းကို လမ်းဖောက်ပေးကြောင်းလည်း China Media Group မှ သတင်းအရ သိရပါသည်။