တရုတ်ပြည်မှ ထိုင်းနိုင်ငံသို့ ကိုဗစ်-၁၉ ကာကွယ်ဆေးနှင့် ကပ်ရောဂါထိန်းချုပ်ရေး ပစ္စည်းများ နောက်ထပ်တစ်သုတ် ပေးအပ်

CRI, November 19, 2021
Size:

ထိုင်းနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ဟန်ကျီချန်က မကြာခင်က ထိုင်းနိုင်ငံ ဝန်ကြီးချုပ်ရုံး၌ တရုတ်အစိုးရမှ ထိုင်းနိုင်ငံအား ထောက်ပံ့ပေးသည့် ကိုဗစ်-၁၉ ကာကွယ်ဆေးနှင့် ကပ်ရောဂါတိုက်ဖျက်ရေးပစ္စည်းများ အသစ်တစ်သုတ်ကို ထိုင်းနိုင်ငံသို့ လွှဲပြောင်းပေးအပ်ခဲ့ပါသည်။

ယင်းထောက်ပံ့မှုပစ္စည်းများတွင် တရုတ် Sinovac ကိုဗစ်-၁၉ ကာကွယ်ဆေး၊ အောက်ဆီဂျင်စက်နှင့် Pulse Oxymeter စက်များပါရှိသည်။ ထိုင်းနိုင်ငံဝန်ကြီးချုပ် ပရာယွတ်က တရုတ်ပြည်မှ ကပ်ရောဂါ ထိန်းချုပ်ရေး အကူအညီကို အဆက်မပြတ် ပေးသည့်အတွက် ကျေးဇူးတင်ရှိကြောင်း ထိုင်းနိုင်ငံအနေနှင့် တရုတ်နိုင်ငံနှင့် ကာကွယ်ဆေး၊ ကပ်ရောဂါထိန်းချုပ်မှု ဆေးဝါး စသောအခန်းကဏ္ဍများ၌ သုတေသနပြုရေးနှင့် ထုတ်လုပ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်ဟု မလေးရှား The Star မှ သတင်းအရ သိရပါသည်။