၁၈ ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲသည် အောင်မြင်မှုများစွာ ရရှိ

CRI, November 18, 2021
Size:

တရုတ်-အာဆီယံ ကုန်စည်ပြပွဲ အတွင်းရေးမှူးရုံးမှ ရရှိသည့် သတင်းအရ ၁၈ ကြိမ် မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲသည် ပြည်တွင်းပြည်ပ ဈေးကွက်နှစ်ခုကို အခြေခံပြီး ပြည်တွင်းပြည်ပမှ ကုန်သည်များအား ကုန်စည်ပြပွဲတွင် ပါဝင်ရန် အစွမ်းကုန် စုစည်းဆောင်ရွက်ပေးကာ ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှု မြှင့်တင်ရေးဆိုင်ရာ လှုပ်ရှားမှုများ ၁၂၉ ခုကို အွန်လိုင်းနှင့် အော့ဖ်လိုင်းမှတစ်ဆင့် ကျင်းပခဲ့ခြင်းဖြင့် ရင်းနှီးမြှုပ်နှံမှု၏ အရည်အသွေးနှင့် ထိရောက်မှု မြှင့်တင်ရေးကို အကောင်အထည်ဖော်ဆောင်စေပြီး ကုန်သည်များက ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းစဉ်နှင့် ငွေရင်း ရရှိရန် အရေးပါသော လမ်းကြောင်း တစ်ခုဖြစ်ကြောင်း ပြောကြားသည်ဟု China Media Group မှ သတင်းအရ သိရပါသည်။