နယ်စပ်ဂိတ်များကို ပြန်လည်ဖွင့်လှစ်ပြီး စီးပွားဖြစ်လေကြောင်း ပြန်လည်ဖွင့်လှစ်မည်ဟု မြန်မာစီစဉ်

CRI, November 18, 2021
Size:

ဒေသစံတော်ချိန် နိုဝင်ဘာလ ၁၆ ရက်နေ့က မြန်မာအစိုးရသည် စက်တင်ဘာလတွင် တရုတ်၊ ထိုင်းနှင့် နယ်နိမိတ်ချင်းဆက်စပ်သော နယ်စပ်ဂိတ် ၄ ခုကို ပြန်လည်ဖွင့်လှစ်ပြီး ၂၀၂၂ ခုနှစ်၊ ပထမသုံးလပတ်တွင် စီးပွားဖြစ်လေကြောင်း ပြန်လည်ဖွင့်လှစ်ရန် စီစဉ်ထားကြောင်း ဖော်ပြသည်ဟု သတင်းအရ သိရပါသည်။

မြန်မာနိုင်ငံ၏ ဗီဇာပေါ်လစီလည်း ချောင်လည်အောင် ထားပြီး ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလတွင် နိုင်ငံခြားသားများ စီးပွားရေးဗီဇာ လျှောက်လို့ရနိုင်မည်ဖြစ်ကြောင်း မြန်မာပြန်ကြားရေးဝန်ကြီးဌာနမှ ဖော်ပြသည်ဟု သတင်းအရ သိရပါသည်။