တရုတ်-လာအိုမီးရထားလမ်းတည်ဆောက်ခြင်း ပြီးစီးတော့မည်ဖြစ်ပြီး တရုတ်နိုင်ငံ ကူမင်းမြို့မှ လာအိုနိုင်ငံ ဗီယင်ကျန်းမြို့သို့ နံနက်ထွက်လျှင် ညပိုင်းရောက်နိုင် မည်ဟုမျှော်လင့်

Yunnan Gateway, November 12, 2021
Size:

တရုတ်-လာအိုမီးရထားလမ်းတည်ဆောက်ခြင်းသည် ပြီးစီးတော့မည်ဖြစ်ပြီး ယခုနှစ် နှစ်မကုန်မီ ပြေးဆွဲနိုင်တော့မည်ဖြစ်ကြောင်း သတင်းအရ သိရပါသည်။

တရုတ်-လာလိုမီးရထားလမ်း၏ စုစုပေါင်းအရှည်သည် ကီလိုမီတာ ၁၀၀၀ ကျော် ရှိပြီး ၂၀၁၀ ပြည့်နှစ်တွင် စတင်တည်ထောင်ခဲ့ပါသည်။ တရုတ်နိုင်ငံ ယူနန်ပြည်နယ် ယွီရှီမြို့မှ စတင်ပြီး ယူနန်ပြည်နယ် ဖူအလ်၊ စစ်ဆောင်ပန်းနား၊ တရုတ်-မြန်မာနယ်စပ်ဂိတ်ဖြစ်သော မော်ဟန်းနယ်စပ်ဂိတ်ကို ဖြတ်ကျော်ပြီး လာအိုနိုင်ငံ ရှုခင်းသာနာမည်ကျော်နေရာ Luang Prsbang ကို ရောက်ရှိကာ နောက်ဆုံးတွင် ဗီယင်ကျန်းမြို့ကို ရောက်ရှိမည်ဖြစ်သည်။ အဆိုပါခရီးစဉ်သည် တရုတ်နိုင်ငံ ကူမင်းမြို့မှ နံနက်ပိုင်းထွက်လျှင် လာအိုနိုင်ငံ ဗီယင်ကျန်းမြို့သို့ ညပိုင်းတွင် ရောက်ရှိနိုင်ရန် မျှော်လင့်ထားကြောင်း သိရသည်။