ယခုလ ၁၁ ရက်နေ့က တရုတ်နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်က APEC စက်မှုနှင့် ကုန်သွယ်ရေး ခေါင်းဆောင်များ ထိပ်သီး အစည်းအဝေးတွင် မိန့်ခွန်းပြောကြားရာ၌ နိုင်ငံတကာ အခြေအနေ မည်သို့ ပြောင်းလဲသည် ဖြစ်စေ၊ အာရှနှင့် ပစိဖိတ် စီးပွားရေး၏ ရေရှည်ခိုင်မာမှု ရှိပြီး တွန်းအားပေးမှု အားကောင်းသည့် အားသာချက်သည် ပြောင်းလဲမည် မဟုတ်ကြောင်း၊ အာရှနှင့် ပစိဖိတ်ဒေသသည် အနာဂတ်ကို ရှေးရှုပြီး ရှေ့သို့ ချီတက်သင့်ကြောင်း ပြောကြားသည်။
ယခုနှစ်တွင် အာရှနှင့် ပစိဖိတ်ဒေသသည် အခွင့်ကောင်းသစ်နှင့် စိန်ခေါ်မှုသစ်များကို ရင်ဆိုင်နေရကြောင်း၊ တစ်ဖက်က အာရှနှင့် ပစိဖိတ် စီးပွားရေးသည် ကပ်ရောဂါ၏ ထိခိုက်မှုခံနေရသည့်အခြေအနေမျိုးတွင် နာလန်ပြန်ထူလာသည့် အလားအလာ ပေါ်ပေါက်လာကြောင်း၊ နောက်တစ်ဖက်ကတော့ အမေရိကန်သည် ထိပ်တိုက်ရင်ဆိုင်မှုရှိသည့် စစ်အေး အတွေးအခေါ်ကို စွဲကိုင်ပြီး ဗိုလ်ကျလွှမ်းမိုးရေးအာဏာကို ထိန်သိမ်းရန်အတွက် အာရှနှင့် ပစိဖိတ်ဒေသတွင် “၄ ပွင့်ဆိုင်စနစ်”နှင့် “၃ ဖက် လုံခြုံမှု ပူးပေါင်းဆောင်ရွက်ရေး”စသည့် အုပ်စုနိုင်ငံရေးကို ကျင့်သုံးကာ လက်ရှိဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုစနစ်ကို အခြားစနစ်ဖြင့် အစားထိုးရန် ကြံစည်၍ အာရှနှင့် ပစိဖိတ် ဒေသ၏ လုံခြုံရေး၊ တည်ငြိမ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအပေါ် ခြိမ်းခြောက်မှု ဖြစ်လာကြောင်း China Media Group က ဖော်ပြသည်။
ယခုအကြိမ် မိန့်ခွန်းပြောကြားရာတွင် ရှီကျင့်ဖိန်က အာရှနှင့် ပစိဖိတ်ဒေသသည် စစ်အေးကာလ၏ ရန်ဖက်ပြုခြင်းနှင့် တကွဲတပြားဖြစ်မှု အနေအထားသို့ ပြန်မရောက်သင့်ကြောင်း ဖြစ်သည့် ခံယူချက်ကို ပြတ်သားစွာ ဖော်ပြခဲ့ကြောင်း၊ ရှီကျင့်ဖိန်က ဘက်အသီးသီးတို့သည် အာရှနှင့် ပစိဖိတ် ကံကြမ္မာတူ အသိုက်အဝန်း တည်ဆောက်ရေး ရည်မှန်းချက်သို့ ပြတ်သားစွာ ရှေးရှုချီတက်ရန် ပန်ကြားသည့်အပြင်၊ ကပ်ရောဂါ အစွမ်းကုန် တိုက်ဖျက်ရန်၊ တံခါးဖွင့်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို စွဲကိုင်ရန်၊ မြစိမ်းရောင် ဖွံ့ဖြိုးရေးပုံစံသို့ ပြောင်းလဲခြင်းကို တွန်းအားပေးရန်နှင့် ဆန်းသစ်တီထွင်မှုကို တက်ကြွစွာ တွန်းအားပေးရန် အဆိုပြုချက် ၄ ချက်ကို တင်ပြကြောင်း၊ ယင်းသည် အာရှနှင့် ပစိဖိတ် ဒေသ၏ ဖွံ့ဖြိုးတိုးတက်ရေး အခက်အခဲများကို ကျော်လွှားရန်အတွက် ကောင်းမွန်သည့် နည်းလမ်းကို ထောက်ပံ့ပေးခြင်းဖြစ်ပြီး အာရှနှင့်ပစိဖိတ်ဒေသတွင် အမှန်တကယ် လိုအပ်သော စည်းစနစ်ကို ထိန်းသိမ်းကာကွယ်ရေးအတွက် ဦးတည်ချက်ကို ညွှန်ပြပေးခြင်းလည်း ဖြစ်ကြောင်း China Media Grou pက ဖော်ပြသည်။
ယခုနှစ်သည် APEC တွင် တရုတ်ပြည် ပါဝင်သည့် နှစ် ၃၀ ပြည့်မြောက်နှစ် ဖြစ်ကြောင်း၊ လွန်ခဲ့သည့် နှစ်ပေါင်း ၃၀ အတွင်း တရုတ်ပြည်သည် တံခါးဖွင့်မှု ဆက်တိုက် တိုးချဲ့ဆောင်ရွက်ခြင်းဖြင့် အစဦးပိုင်းက APEC တွင် ပါဝင်ဆောင်ရွက်သူမှ APEC ၏ ဖွံ့ဖြိုးတိုးတက်မှုကို ဦးဆောင်သူနှင့် တွန်းအားပေးသူအဖြစ် တဖြည်းဖြည်း ဖွံ့ဖြိုးတိုးတက်လာကြောင်း China Media Groupက ဖော်ပြသည်။
တံခါးဖွင့်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုဖြင့် တံခါးပိတ်ထားမှုနှင့် သီးသန့်ခွဲခြားခြင်းကို ခုခံကြောင်း၊ တရုတ်ပြည်၏ တာဝန်ယူတတ်ခြင်းသည် အာရှနှင့် ပစိဖိတ် သင်္ဘောကြီးကို အနာဂတ်ကို ရှေးရှုရန်နှင့် ရှေ့သို့ ချီတက်ရန် တွန်းအားပေးပြီး အတူတကွ စည်ပင်သာယာရေး ရှိသော အနာဂတ်သို့ ခုတ်မောင်းမည် ဖြစ်ကြောင်း China Media Groupက ဖော်ပြသည်။