တရုတ်နိုင်ငံ၏ ကာကွယ်ဆေးဖြန့်ဖြူးမှုကြောင့် ချီလီနှင့် ကမ္ဘောဒီးယားနိုင်ငံတွင် ကိုဗစ် ၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံနှုန်း ရာခိုင်နှုန်း ၈၀ ခန့် ရှိလာ

CRI, November 12, 2021
Size:

အစီရင်ခံစာတစ်ခုအရ တရုတ်နိုင်ငံ၏ ကာကွယ်ဆေးဖြန့်ဖြူးမှုကြောင့် ချီလီနှင့် ကမ္ဘောဒီးယား နိုင်ငံတွင် ကိုဗစ် ၁၉ ရောဂါကာကွယ်ဆေး ထိုးနှံနှုန်း ရာခိုင်နှုန်း ၈၀ ခန့် ရှိလာ၍ ဗြိတိန်နှင့် အမေရိကန် စသော ဖွံ့ဖြိုးပြီးနိုင်ငံများထက် ပိုမြင့်ကြောင်း၊ ချီလီနှင့် ကမ္ဘောဒီယားနိုင်ငံတို့ မိမိကိုယ်ကို ကြိုးပမ်း အားထုတ်မှုအပြင် တရုတ်နိုင်ငံမှ ကာကွယ်ဆေးများသည် သော့ချက်ကျသော အထောက်အကူ ပြုကြောင်း သိရသည်။ မြင့်မားသော ကာကွယ်ဆေး ထိုးနှံနှုန်းသည် ၎င်းနိုင်ငံများ၏ စီးပွားရေး ပိုမိုကောင်းမွန်စွာ နာလန်ပြန်ထူရေးအတွက် အကျိုးပြုသည်ဟု The Economist တတ်သိပညာရှင်အဖွဲ့မှ ဖော်ပြပါသည်။