တရုတ်-ဗီယက်နမ် နယ်စပ်သို့ ရောက်ရှိမည့်မြန်နှုန်းမြင့်ရထားလမ်းပေါ်တွင် နောက်ဆုံးဥမင်လိုဏ်ခေါင်း တည်ဆောက်ပြီးစီး

Yunnan Gateway, November 10, 2021
Size:

နောက်ဆုံး ဥမင်လိုဏ်ခေါင်းအား ယနေ့ နိုဝင်ဘာ ၉ ရက်တွင် ဖောက်လုပ်မှုပြီးစီးခြင်းနှင့်အတူ တရုတ်-ဗီယက်နမ် နယ်စပ်သို့ တရုတ်မြန်နှုန်းမြင့်ရထားများ ရောက်ရှိလာမည့် ရထားလမ်း တည်ဆောက်မှုသည် အရေးပါသည့် ခြေလှမ်းသစ် တစ်ရပ်ကို လှမ်းနိုင်ခဲ့ပြီ ဖြစ်ကြောင်း သိရသည်။

၄၆ ဒသမ ၉ ကီလိုမီတာ ရှည်လျားသည့် ရထားလမ်းသည် ကွမ်ရှီးကျွမ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ Fangchenggang နှင့် Dongxing မြို့များအား ချိတ်ဆက်ပေးနိုင်မည် ဖြစ်သည်။ အဆိုပါရထားလမ်းတွင် စုစုပေါင်း ဥမင်လိုဏ်ခေါင်း ၈ ခုပါရှိကြောင်း သိရသည်။

လက်ရှိတွင် ရထားလမ်းတည်ဆောက်ရေးလုပ်ငန်း ၇၉ ရာခိုင်နှုန်းကျော်သည် ပြီးစီးသွားပြီ ဖြစ်သည်။ သံလမ်းခင်းခြင်းနှင့် ဆက်သွယ်ရေး စီမံကိန်းများအား နောက်ပိုင်းတွင် စီစဉ်သွားမည် ဖြစ်ကြောင်း သိရသည်။

ရထားလမ်း လည်ပတ်ပြီးနောက် Fangchenggang နှင့် Dongxing မြို့များအကြား ရထားအသွားအလာမရှိသည့်အခြေအနေမှာ အဆုံးသတ်နိုင်မည် ဖြစ်သည်။ ရထားများသည် ပြေးလမ်းပေါ်တွင် မြန်နှုန်း တစ်နာရီလျှင် ကီလိုမီတာ ၂၀၀ ဖြင့် မောင်းနှင်နိုင်ပြီး မြို့နှစ်မြို့အကြား ခရီးသွားလာချိန်သည် မိနစ် ၉၀ မှ မိနစ် ၂၀ အထိ လျှော့ချနိုင်မည် ဖြစ်ကြောင်း သိရသည်။

Dongxing မြို့သည် တရုတ်-ဗီယက်နမ် နယ်စပ်တွင် တည်ရှိသည်။ အဆိုပါရထားလမ်းသည် တရုတ်နိုင်ငံနှင့် အရှေ့တောင်အာရှ နိုင်ငံများအကြား ကုန်သွယ်မှုနှင့် ဖလှယ်မှုများအား မြှင့်တင်နိုင်မည် ဖြစ်ကြောင်း သိရသည်။ (Xinhua)